Ep.14

568 50 9
                                    

{Unicode}

ထယ်ယောင်း တကယ်ပဲ ဘာကိုစဉ်းစားမိမှန်းမသိသော်လည်း လူက ကပွဲရုံ ရှေ့သို့ရောက်နေပြီဖြစ်သည်။

ရောက်မယ့်ရောက်တော့မထူးတော့ ထိုကပွဲရုံကြီးအထဲသို့ဝင်သွားလိုက်သည်။ပွဲကမကြာခင်စတော့မှာဖြစ်လို့ ပွဲအတွက်အပြင်အဆင် လုပ်နေကြသူတွေက အများအပြားပင်။

ပွဲရုံထဲရောက်တော့ ထယ်ယောင်း ခေါင်းအား ဝေ့ဝဲကာ ပွဲရုံအနေအထားကိုကြည့်လိုက်သည်။မြင်တွေ့နေရသည့် ရှေ့က Stage စင်ဟာ အကျယ်ကြီးတော့ မဟုတ် ဒါပေမယ့် ကျဉ်းလည်းမကျဉ်း တဲ့အနေအထားမျိုး။စင်အနောက်မှာတော့ လိုက်ကာအစကြီးသာရှိသည်။ စင်၏ အရှေ့ပတ်ပတ်လည်တွင် ပွဲကြည့်ပရိတ်သတ်ထိုင်ခုံများရှိနေသည်။

မျက်လုံးအားနေရာစုံဝေ့ဝဲကာကြည့်ရင်း ပွဲ၏တာဝန်ရှိသူလို့ ထင်ရတဲ့ လူတစ်ယောက်အားတွေ့လိုက်ရသည်။ထိုလူဟာ အလုပ်သမားတွေကို အပြင်အဆင်အတွက် ညွှန်ကြားနေပုံရတယ်။ထယ်ယောင်း ထိုလူ့ဆီသို့သွားလိုက်သည်။

"ဟို...လေ"

ထယ်ယောင်း မရဲတရဲအသံလေးဖြင့် ထိုလူ့အားခေါ်လိုက်သည်။ထယ်ယောင်းအသံကြားတော့ ထိုလူဟာလှည့်ကြည့်လာသည်။

ဟမ်!။

"စီနီယာ ယောင်းဝူ?"

"ဘယ်သူလဲ မသိဘူးခင်ဗျ"

ဘာလဲ။စီနီယာ ယောင်းဝူက ဒီကိုဘယ်လိုရောက်နေတာလဲ။

"ကျွန်တော်လေ ကင်မ်ထယ်ယောင်း ပါ စီနီယာ ယောင်းဝူ ကျွန်တော့်ကို မမှတ်မိဘူးလား"

ထိုလူက ထယ်ယောင်းအားသေချာစိုက်ကြည့်လာသည်။

"လူမှားနေပြီထင်တယ် ကျွန်တော့်နာမည် ယောင်းဝူ မဟုတ်ပါဘူး ခင်ဗျ"

ထယ်ယောင်း ခဏတာ ကြောင်အမိသွားသည်။ဟုတ်သားပဲ ငါအခုရောက်နေတာက 1963 လေ။2023က စီနီယာ ယောင်းဝူ တော့ဘယ်ဖြစ်ပါ့မလဲ။ အဓိကဆိုလိုရင်းကိုသာ ဆက်ရင်ပိုကောင်းမယ်။

"တောင်းပန်ပါတယ် ဟို တစ်ခုလောက်မေးလို့ရမလားဟင်"

ထိုလူက သူ့အား မေးဆိုသော အဓိပ္ပာယ်ဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြလာသည်မို့ ထယ်ယောင်း မေးလိုက်သည်။

WHO ARE YOU?Hikayelerin yaşadığı yer. Şimdi keşfedin