{Unicode}
ကင်မ်ထယ်ယောင်းကိုပညာပြချင်လို့ အရင်တည်းက ဆိုင်ကိုနောက်ကျမှသာသွားကြိုသည်။နောက်ကျသည်ထိတိုင်အောင်လည်း ကင်မ်ထယ်ယောင်းက ပေကပ်ပြီးစောင့်သည်။ဒီနေ့လည်း နောက်ကျမှသွားကြိုတော့ ပြန်သွားပြီတဲ့။အမြဲသူလာမကြိုမချင်းအိမ်ကိုလုံးဝမပြန်တဲ့ ကင်မ်ထယ်ယောင်း ကအခုပြန်နှင့်သွားပြီတဲ့လေ။
ဂျောင်ကု အိပ်မပျော်တာကြောင့် ကုတင်ပေါ်တွင်ဟိုလှိမ့် ဒီလှိမ့်ဖြစ်သာ။သတင်းတွေကသူ့နားဆီမြန်မြန်ရောက်လာခဲ့တယ်။ကင်မ်ထယ်ယောင်း ကတက္ကဆီ နဲ့အိမ်ပြန်သွားတာပါတဲ့။အမြဲသူလာကြိုမှအိမ်ပြန်တတ်တဲ့ ကင်မ်ထယ်ယောင်း ကပုံစံတွေပြောင်းသွားတယ်။ဘာ့ကြောင့်မှန်းမသိ သူကိုယ်တိုင်လည်း စိတ်မကြည်ဖြစ်နေမိပါလေရဲ့။မြင်သမျှပစ္စည်းတိုင်း ပစ်ပေါက်ချင်စိတ်ကိုမနည်းထိန်းချုပ်ထားရတယ်။ကင်မ်ထယ်ယောင်းဆိုတာ သူ့အတွက်အဆိပ်အတောက်ပဲ။
[WAY]
မျက်နှာပေါ်နေရောင်ကျလာတာနဲ့ မျက်စိနှစ်လုံးကအလိုအလျောက်ပွင့်လာသည်။ထယ်ယောင်း ကုတင်ပေါ်ကထလိုက်ပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။ဒီနေ့ အဝတ်စားတွေသွားဝယ်ဖို့ အမေ့ကိုပြောထားတာမို့ အမေကအယ်လီကို တယ်လီဖုန်းကနေတစ်ဆင့်ဆက်သွယ်ပေးထားသည်။အယ်လီရောက်လာတာနဲ့ အဝတ်စားတွေသွားဝယ်ရမယ်။
ဒေါက်! ဒေါက်!
"သားရေ သမီး အယ်လီ ရောက်နေပြီ"
"အော် ဟုတ် အမေ သားပြီးပြီ"
အပြင်ကအမေ့ရဲ့ခေါ်သံကိုကြားသည်မို့ စိတ်ရှုပ်စရာအဝတ်တွေကိုဝတ်ရင်းနဲ့ပင် ထယ်ယောင်း အခန်းထဲကပြန်အော်ပြောလိုက်သည်။
အပြင်ကိုထွက်လာတော့ အမေနဲ့အတူ ရေနွေးကြမ်းသောက်နေသော အယ်လီ ကိုတွေ့လိုက်ရသည်။အယ်လီ ကလှသည် မဟုတ် ချောသည်မဟုတ် မြင်သူတိုင်းအေးချမ်းစေမည့်ပုံမျိုးလေးပင်။ကိုရီးယားမျက်နှာပေါက်မဟုတ်တာမို့ ကပြား ဖြစ်လိမ့်မည်ဟု ထယ်ယောင်း ထင်မြင်မိပါသည်။
"အယ်လီ ငါပြီးပြီ သွားမယ်လေ"
"အော် ဟုတ် အဲ့ဆို အန်တီလေး သမီးတို့သွားလိုက်ပါဦးမယ်"
![](https://img.wattpad.com/cover/321884073-288-k218438.jpg)
أنت تقرأ
WHO ARE YOU?
أدب الهواة"မင်းကဘယ်သူလဲ? ဒါ ကင်မ်ထယ်ယောင်း မှမဟုတ်တာ! ကင်မ်ထယ်ယောင်းက ဒီလိုပုံစံမှမဟုတ်တာ!!"