{Unicode}
အတွေးတွေကယောက်ယက်ခတ်နေတာကြောင့် ဒီနေ့ဟာ အိပ်ပျော်နိုင်မှာမဟုတ်တဲ့ညတစ်ညဆိုတာ ဂျောင်ကုသိလိုက်ပါပြီ။အတွေးတွေနယ်ချဲ့ရခြင်းအကြောင်းရင်းကတော့ သေချာပေါက်ကင်မ်ထယ်ယောင်းပေါ့။ဂျောင်ကုဟာ ဉာဏ်တုံးသူမဟုတ် ဒီလူရဲ့နေ့ချင်းညချင်း ပြောင်းလဲသွားတဲ့ပုံစံတွေအပေါ်သတိမထားနိုင်စရာမရှိပါ။ဒါဆို မင်းဘယ်သူလဲ။ကင်မ်ထယ်ယောင်း မဟုတ်ဘူး မင်းက။
**********
"သား သွားတော့မယ်"
"သား လမ်းမှတ်မိတယ်မလား"
"တက္ကဆီငှားသွားမလို့ အမေ"
"သားရယ် ဂျောင်ကု ကိုပဲခေါ်လိုက်တာမဟုတ်ဘူး ဒုက္ခခံနေသေးတယ်"
"တော်ပါပြီ သူ့နဲ့သွားရတာပိုဒုက္ခရောက်တယ်"
သူ့ရဲ့စကားကြောင့်အမေဟာ တိတ်ဆိတ်သွားပြီး ခေါင်းတစ်ခါခါဖြင့်သာ သက်ပြင်းချနေတော့သည်။ထယ်ယောင်း စိတ်ထဲ ဂျောင်ကု ဆိုတဲ့လူကိုအရေးလုပ်နေဖို့စိတ်ကူးမရှိဘူး။ဂျောင်ကုဟာ သူ့ကိုမုန်းတီးသူမဟုတ်ပါသလား။ဘာ့ကြောင့် ကိုယ့်ကိုယ်မုန်းတီးနေသူကို ကိုယ့်အနားမှာထားရမှာလဲ။
ဒီတစ်ခါလည်း တက္ကဆီငှားပြီး ဆိုင်ကိုသာသွားရသည်။ဆိုင်ရှေ့ရောက်တော့ ကားဆရာအား ငွေအချို့ပေးကာ ဆင်းလာလိုက်သည်။ဆိုင်ကတော့ အယ်လီ ကြိုရောက်နေတာမို့ ဖွင့်ပြီးနှင့်ပြီ။ထယ်ယောင်း ဆိုင်ရှေ့၌ ရပ်ထားသောကားတစ်စီးအားတွေ့လိုက်ရသည်။ဆိုင်ကစားသုံးသူတွေရဲ့ကားလို့ထင်ပြီး ထယ်ယောင်း ဆိုင်ထဲသို့အပြေးလေးဝင်သွားလိုက်သည်။
ထယ်ယောင်း ဆိုင်ထဲရောက်တော့ ဘယ်စားသုံးသူမှမတွေ့။ခုံတစ်ခုံတွင် ခြေထောက်နှစ်ဖက်အားချိတ်ကာ လက်နှစ်ဖက်အားပိုက်လျှက် မိမိအားစောင့်ကြိုနေတဲ့ ဂျွန်ဂျောင်ကု ဆိုတဲ့လူကိုသူတွေ့သည်။
"ထင်တဲ့အတိုင်းပဲ တက္ကဆီ နဲ့ထပ်လာခဲ့တာပဲ"
"မင်းဘာလာလုပ်တာလဲ ဒီကို"
"မင်းဆီလာတာ"
"ဘာကိစ္စလဲ?"
"မင်းဘယ်သူလဲဆိုတာအတည်ပြုချင်လို့"

CZYTASZ
WHO ARE YOU?
Fanfiction"မင်းကဘယ်သူလဲ? ဒါ ကင်မ်ထယ်ယောင်း မှမဟုတ်တာ! ကင်မ်ထယ်ယောင်းက ဒီလိုပုံစံမှမဟုတ်တာ!!"