Ep.3

515 43 0
                                    

{Unicode}

စီနီယာ ယောင်းဝူပြောသလိုပင် ထယ်ယောင်း ပထမဆင့်မှာအောင်သွားခဲ့တယ်။လူ 50‌ ကျော် 60 ထဲ 10 ယောက်နီးပါးပဲရွေးတာတောင် ထယ်ယောင်း ပါလာခဲ့တယ်ဆိုတော့ ထယ်ယောင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရှိလာသလိုပဲ။

နောက်ဆုံးအဆင့်ဖြေဆိုရမယ့် လူရွေးပွဲအပေါ် ထယ်ယောင်း အာရုံစူးစိုက်နေတယ် ပြီးတော့ ယခုနောက်ဆုံးအဆင့်က တစ်ယောက်ချင်းစီသာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ကျောင်းကိုပင် 2ပတ်လောက်ခွင့်ယူလိုက်ရသည်။ဟာ့ဒ်ဆွန်တို့ ဆွန်းဒေါ့တို့ ဆူဂယောင်းတို့ ကိုလည်းမတွေ့ရတာကြာပေါ့။ဖုန်းနဲ့တော့အဆက်သွယ်ရှိပေမယ့် အပြင်မှာမတွေ့ရတာ 1ပတ်နီးပါးရှိနေတော့ ရင်ထဲဟာတာတာကြီးလိုပဲ။

မကြာခင် လူရွေးပွဲကလည်းစတော့မယ် ဒါပေမယ့် ခံစားချက်ကထူးဆန်းနေတယ် စိတ်တွေကလည်းလေးလံနေတယ်။စိတ်လှုပ်ရှားလို့ပဲနေမှာပါလို့တွေးသော်လည်း  ခန္ဓာကိုယ်က တကယ်ပင်ပန်းနေတာကိုတော့လိမ်လို့မရ ။ရုတ်တရက်တစ်ချက် တစ်ချက် မိုက်ခနဲဖြစ်တာကလည်း ဒီရက်ပိုင်း ရက်ပိုစိတ်လာတာကိုသတိထားမိတယ်။အားနည်းနေတာကြောင့်ထင်ပြီး အာဟာရရှိတဲ့အစားစာတွေကိုစားပေမယ့်လည်း ဆက်တိုက်ဆိုသလိုဖြစ်နေတော့ ထယ်ယောင်း ကြောက်လာမိတယ်။လူရွေးပွဲကလည်း စတော့မှာကို တစ်ခုပြီးတစ်ခုကိုဖြစ်နေတော့တာပဲ။

လူရွေးပွဲနေ့။

"ထယ်ယောင်း"

"အော် စီနီယာယောင်းဝူ"

"အစောကြီးရောက်နေတာလား ပွဲစဖို့ 2နာရီတောင်လိုသေးတာကို"

ကုမ္ပဏီသို့ စောစောထွက်လာသော သူ့ကို စီနီယာ ယောင်းဝူ ကထူးဆန်းသလိုမေးလာတာမို့ ထယ်ယောင်း ရယ်ကျဲကျဲဖြင့်ပင်

"ဟီးဟီး အမှန်တော့ စိတ်လှုပ်ရှားနေတာ"

"ဟားဟား စိတ်အေးအေးထားပြိုင်ပါ ဒိုင်လူကြီးကတော့ ပြောင်းတယ်နော်"

"ဟင် စီနီယာ ယောင်းဝူ မပါဘူးလား"

အံ့ဩစွာ ဆိုလာသော ထယ်ယောင်း စကားကို စီနီယာ ယောင်းဝူက ခပ်ပြုံးပြုံးလေးပင် ပြန်လည်ဖြေဆိုလာသည်။

WHO ARE YOU?Hikayelerin yaşadığı yer. Şimdi keşfedin