{Unicode}
အိမ်ပြန်လမ်းတစ်လျှောက် နေ့ခင်းတုန်းက ဆွန်းဒေါ့ ပြောခဲ့တဲ့စကားတွေကို ထယ်ယောင်း ပြန်တွေးနေမိတယ်။အခြားကမ္ဘာတဲ့ သူပြောတာစိတ်ဝင်စားဖို့တော့ကောင်းပေမယ့် အခြားကမ္ဘာရှိတော့ရော ဘာလုပ်လို့ရမှာလဲ သွားလို့ရမှာလဲမဟုတ်တာကို။ဟူးးး တော်ပါပြီ ကိုယ့်ကိစ္စမှမဟုတ်တာ အတွေးထဲကထုတ်လိုက်ပါတော့။
ထို့နောက် 4လွှာရှိသော တိုက်ခန်းအပေါ်ထပ်သို့တက်သွားလိုက်သည်။သူ့ဒီတိုက်ခန်းလေးကို ဒယ်ဂူက အဖေနဲ့အမေ ငှားပေးထားတာဖြစ်တယ်။ကျဉ်းလည်းမကျဉ်းသလို ကျယ်သည်လည်းမဟုတ်လှပါ။သူ့တစ်ယောက်နေဖို့အတွက်တော့ အဆင်ပြေပါတယ်။အဖေနဲ့အမေ ကိုအဆက်သွယ်မရတာကြာပေါ့။အဆက်အသွယ်မလုပ်ဖြစ်တော့တာလို့ပြောရင်ပိုမှန်မလား။
အဖေနဲ့အမေ ကသူ့ရဲ့အိမ်မက်နဲ့ ရည်မှန်းချက်ကို ကန့်ကွက်ကြတယ်။အဖေဆို ပိုဆိုးတယ်။idol တစ်ယောက်ဖြစ်ချင်တယ်လို့ မိဘတွေကိုပွင့်ပွင့်လင်းလင်းဝန်ခံခဲ့တဲ့နေ့မှာ အဖေက အကြီးအကျယ်စိတ်ဆိုးသွားခဲ့တယ်။အဓိပ္ပာယ်မရှိတာလုပ်မယ့်အစား စီးပွားရေးလောကမှာခြေဆန့်နိုင်အောင်ကြိုးစားသင့်တယ် တဲ့လေ။လက်မခံနိုင်ဘူး။ကျွန်တော် ဒီအရာကိုဘယ်လောက်ရူးသွပ်သလဲ ကျွန်တော်သာအသိဆုံးမို့ အဖေနဲ့အမေ ရဲ့ကန့်ကွက်မှုကို လျစ်လျူရှု့ခဲ့တယ်။ဒါမှန်ကန်တဲ့ရွေးချယ်မှုလားဆိုတာ ကျွန်တော်မသိဘူး။ဒါပေမယ့် နောင်တမရတဲ့ ရွေးချယ်မှုဆိုတာတော့ သေချာတယ်။
ဒီနေ့ညလည်း အတွေးပေါင်းများစွာနဲ့ အိပ်စက်ရမှာပဲ။မကြာခင် ကုမ္ပဏီက debut လုပ်မယ်လို့သတင်းကြားထားတယ်။သေချာပေါက်ပါမှဖြစ်မယ်။သူကြိုးစားရမယ်။မိဘတွေကိုတောင် ဆန့်ကျင် ရွေးခဲ့တဲ့အရာမို့ သူသေချာပေါက်လုပ်ကိုလုပ်နိုင်ရမယ်။သူ့အိမ်မက် တွေကိုအကောင်ထည်ဖော်မယ်။
.
.
.
.
.
.
.
သူတို့၏ စားပွဲဝိုင်းသို့ တစ်ရွေ့ရွေ့ဖြင့် အရင်လိုမဟုတ်ပဲ မရွှင်လန်းတဲ့ပုံစံ လာနေသော ထယ်ယောင်းအား ဟာ့ဒ်ဆွန် ကကြည့်ကာ အခြားသူများကို မေးငေါ့ပြလိုက်သည်။"ဟေးးး ထယ်ယောင်း နေမကောင်းဘူးလား မျက်နှာကမလန်းပါလား"
ဟာ့ဒ်ဆွန်ကထယ်ယောင်းအား မေးလိုက်သည်။
YOU ARE READING
WHO ARE YOU?
Fanfiction"မင်းကဘယ်သူလဲ? ဒါ ကင်မ်ထယ်ယောင်း မှမဟုတ်တာ! ကင်မ်ထယ်ယောင်းက ဒီလိုပုံစံမှမဟုတ်တာ!!"