အခန်း၂(U/Z)

44.7K 997 4
                                    

(unicode)

နှောင်းရိပ်နွေသည်  မနက်ဖြန် တာဝန်ကျရာ နယ်မြို့အနီးက သာစည်ရွာလေးကို စာသွားသင်ရမည်ဆိုတော့ သူမရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အစားအချို့သိမ်းဆည်းနေတာဖြစ်သည်။

"ဒေါက်..ဒေါက်..."

တံခါးခေါက်သံကြောင့် သူမ လှမ်းကြည့်လိုက်၏။ မေမေတော့မဖြစ်နိုင်ပါ။

"ဟုတ်...ဘယ်သူလဲ"

"ဒေါ်ကြီးပါ..သမီး"

"ဟုတ်ကဲ့..ပြောလေ"

"ဒေါ်ကြီး စျေးသွားမလို့ သမီးဘာမှာချင်သေးလဲလို့၊  သမီး ဘာများမှာမလဲလို့၊ တစ်ခါတည်း ဝယ်ခဲ့ရအောင်''

"ဟုတ်... မမှာတော့ဘူး ဒေါ်ကြီး၊ နှောင်းလည်း အကုန်ဝယ်ပြီးပါပြီ''

"အဲ့ဒါဆို ဒေါ်ကြီးစျေးသွားပြီနော်..သမီး"

"ဟုတ်ကဲ့ရှင့်"

မေမေပြောပုံအရ ရွာက အရမ်းတောမကျဘဲ ခေတ်မှီသောကြောင့် ကြိုက်တာဝယ်လို့ရသည်တဲ့။ အဲ့ဒါကြောင့် သူမလည်း မျက်နှာအတွက်skincareနဲ့ body lotionတချို့သာ ရန်ကုန်က ဝယ်သွားမည်။ အဆောင်နေမှာမဟုတ်တဲ့အတွက် ချက်ပြုတ်ဖို့ကလည်း ဝယ်စရာမလိုပေ။အတွေးနဲ့အတူ သူမအပြင်ထွက်ခဲ့သည်။

အိမ်မှာ ထမင်းဟင်းချက်ဖို့ ခေါ်ထားတဲ့ ဒေါ်ကြီးက စျေးသွားတော့ သူမတစ်ယောက်တည်းပင်။ မေမေနှင့် ဖေဖေက မနက်တိုင်း လမ်းလျှောက်ထွက်ကြပြီး မနက် ၈နာရီခွဲဝန်းကျင်မှ ပြန်ရောက်တက်သည်။ နှောင်းမှာ အစ်မတစ်ယောက်ရှိပေမဲ့ မနှစ်ကတည်းက အိမ်ထောင်ကျပြီး သူ့ယောကျာ်းအိမ်မှာ လိုက်နေပြီး တစ်ခါတစ်ရံမှသာ လာလည်သူ ဖြစ်လို့ အဖော်မဲ့နေ၏။

   ''''
  
နှောင်း မနက်မုန့်စားနေရင်း ဟန်းဖုန်းမှ အသံကြောင့် စားလက်စကို ခဏရပ်ကာ ဖုန်းကိုင်လိုက်သည်။ဖုန်းထဲက အသံကြောင့်ပြုံးလိုက်မိသည်။
ပြောရင်း အသက်ရှည်အုံးမည်။

"ဟဲလို....မမ ။''

''အေး...အငယ်လေး မနက်ဖြန်ပြောင်းမယ်ဆို ၊ မမ ဘာတွေဝယ်ခြမ်းပေးလိုက်ရအုံးမလဲ''

နှောင်း တစ်ဖက်က မမရဲ့အသံလေးကြောင့် စိတ်ချမ်းသာသွားရသည်။ အစ်မကြီးဆိုတဲ့အတိုင်း အမြဲတမ်း နှောင်းကိုဆို သမီးလေးလို ချစ်ရှာသည်။ ဒီလို ခေတ်ကြီးမှာ နေပုံထိုင်ပုံ၊ ပိပိရိရိလေးဖြင့် မိန်းမပီသစွာ နှောင်း ကြီးပြင်းခဲ့တာကလည်း မမရဲ့ကျေးဇူးတွေကြောင့်ပင်။

မိုးယံမှသည် ချစ်သူဆီသို့(ongoing)Hikayelerin yaşadığı yer. Şimdi keşfedin