မနက်ခင်းပိုင်းလည်း ရောက်လို့လာခဲ့ပြန်တယ်
ဝါးးး............
"သားလေး ထတော့"
"ဟုတ်ကဲ့ မေမေ "
"ဟူး ........"
Jiminလေးလည်း သွားတိုက်ပြီးကာ
ကျောင်းဝတ်စုံပါလဲလာလိုက်တယ်"မေမေ ဖွားဖွားရော"
"ဖွားဖွားက ဈေးသွားတယ်"
"အော် အင်း"
"မေမေ သား မနက်စာဘာရှိလဲဟင်"
"ကြက်ဥ နဲ့ ငါးအူချောင်းကြော်လေး"
"အွန်း မေမေ သားအတွက် မုန့်များများထည့်ပေးပါလား"
"အင်းပါ အော် သားသူငယ်ချင်း taeလေးနဲ့ရော ကစားဖြစ်သေးလား"
"ဘာလို့"
"Taeလေး အိမ်လာမလည်တာ ကြာပြီးလေ အဲ့ဒါကြောင့်မို့ မေးကြည့်တာ"
"ကစားပါတယ် နေ့တိုင်းပဲ ဟီးဟီး"
Jiminလေးလည်း လုပ်စရာရှိတာတွေအားလုံးလုပ်ပြီး ပြင်ဆင်ကာ ကျောင်းသွားဖို့ စက်ဘီး နှင့်
"မေမေ သားသွားပြီး"
"အင်း သွား ကောင်းကောင်းသွားနော်"
"ဟုတ်ကဲ့"
Jiminလေးလည်း စက်ဘီး မနင်းပဲ လမ်းလျှောက်ရင်း စက်ဘီးကလေး ရွေ့ရွေ့နဲ့ ရွေ့လာကာ ထို အိမ်ကြီး ခြံရှေ့ရပ်ကာ
မျက်လုံး ဖောင်းဖောင်းအစ်အစ်ကလေးနဲ့ အိမ်ကြီးကို စူးစိုက် ကြည့်ကာ စူးစမ်းနေလေတယ်
"ဟူး ဘာမှလည်းမရှိဘဲနဲ့ ဘာသရဲ ချီးသရဲ"
Jiminလေးလည်း စက်ဘီးနင်ကာ သွားဖို့ လုပ်တော့
စက်ဘီးရှေ့ကို ယုန်ကလေး တစ်ကောင် ရောက်လာတယ်
"အမလေး ဟ ယုန်ကလေး "
"ဟီးဟီး ယုန်ကလေး မင်းကဘယ်သူလဲ"
ယုန်ကလေးကတော့လှုပ်စိလှုပ်စိနဲ့ jiminလေးကိုကြည့်နေလေတယ်
"ဟေ့ ဟေ့ အဲ့ဒါဘယ်သွားတာလဲ ရားး......."
ယုန်ကလေးက ထိုအိမ်ကြီးဆီ ခုန်ဝင်သွားလေတယ်
"ယုန်ကလေးရေ မသွားနဲ့ အဲ့ကိုမသွားနဲ့!!!!!!!"
"ဟဲ့ သား အဲ့မှာ ဘာလုပ်နေတာလဲ"
YOU ARE READING
My Bunny 🐰[COMPLETED]
Fanfictionမင်းလေးသာ ကိုယ့်ရဲ့ချစ်ရသူအဖြစ်နေပေးမယ်ဆိုရင် ကိုယ်ဘာမှ လိုအပ်နေတော့မှာမဟုတ်ဘူး ကိုယ့်ကိုယ် မင်းလေး ကာကွယ်စရာမလိုပါဘူး ကိုယ်ကမင်းလေးကိုကာကွယ်ပေးမှာမို့လို့လေ jungkook မင်းလေးသာ ကိုယ့်ရဲ...