Ep21💖(my bunny)uni& zawgyi

550 47 4
                                    

"ကိုကို~~~"

မီးဖိုချောင်ထဲ ဟင်းချက်နေရင်း ခေါ်နေသော ကလေးကို အူးယားလို့ပါ

ကလေးက ဟိုညတွေရဲ့ အကြောင်းဖြစ်ပြီးကတည်းက ကျွန်တော့်ကို ချွဲလာတယ် ကျွန်တော့်အနားပဲ ကပ်လာတယ်
ကျွန်တော်လည်း ကလေးကို ကာကွယ်ပေးဖို့ ကလေးအနားကနေ ဘယ်မှ မသွားဖြစ်တော့ဘူး
ကလေးကျောင်းသွားရင် ကျွန်တော်က ကလေးနဲ့အတူ လိုက်သွားတယ်
လူအဖြစ်နဲ့ပေါ့ဗျာ

"ကလေး ဘာလိုလို့လဲ "

"ကလေး ကို မပစ်ထားနဲ့နော်"

ရုတ်တရက် ပြောလာသော စကားကြောင့် ကျွန်တော်လန့်သွားတာ အမှန်ပါ

Jungkookထမင်းစားပွဲကနေ အမြန်ထလာကာ ချစ်ရသူခါးကို အနောက်ကနေ ဖက်လိုက်တယ်

"ကလေးကို ထာဝရအနားမှာပဲ ထားမှာပါ ကိုယ်က ဘာလို့ ထွက်သွားရမှာလဲ "

"အွန်း ချစ်တယ် ကိုကို"

"အင်း ပြွတ်စ် "

ကလေး မှေးလေးကိုဆွဲလှည့်ကာ အနမ်းတွေခြွေမိပြန်တယ်

ပြွတ်စ် ပြွတ်စ်

ကလေးက ကျွန်တော်နမ်းနေတာကို ဖြတ်ကာကျွန်တော့်ဘက်အားလှည့်လာပြီး ကျွန်တော်ဂုတ်ပေါ်လက်နှစ်ဖက်ချိတ်ရင်း

"ကိုကို ~~~~~"

"ဟင် ပြောလေ"

"ကလေးကို အပိုင်သိမ်းမလား"

တခါမှမမေးဖူးပြန်သော စကားက စလာပြန်တယ်

"ကလေးဘာကိုဆိုလိုတာလဲ"

ကျွန်တော့် နားအနား ကပ်ကာ

"ကလေးကို အပိုင်သိမ်းချင်ရင် သိမ်းလိုက် ကလေးခွင့်ပြုတယ်"

ဆိုပြီး ပြောတော့ ကျွန်တော်မျက်လုံးတွေပြူးကျယ်သွားရတယ် ကလေးဆိုလိုတာကို ကျွန်တော်သဘောပေါက်ခဲ့တယ်

"ဘာလဲ ကလေး ကိုယ့်ကိုယ်အရမ်းချစ်တာ ကိုယ်သိပါတယ် ဒါပေမယ့် ကလေးကို ကိုယ်က မြတ်နိုးလို့ အရမ်းချစ်လို့ ဒီလောက်ပဲ ကိုယ်လက်ခံချင်ခဲ့တာ ကိုယ်က ကလေးကိုယ် အရမ်းချစ်တာ မို့လို့ ထားသွားခဲ့မယ်ဆိုပြီးကြောက်နေတဲ့ ကလေးရဲ့ စိတ်တစ်ခုကြောင့်နဲ့ ကိုယ့်ကိုယ် အဲ့လို မပြူးစားနဲ့ ကိုယ်က ကလေးကို ဘယ်တော့မှ မထားသွားဘူး ~~~~"

My Bunny 🐰[COMPLETED]Where stories live. Discover now