Jungkookတစ်ယောက် မနက်မိုးစစလင်းတာနဲ့ ကောက်ထကာ မျက်သစ်စသဖြင့် လုပ်ပြီးတော့ ချစ်ရသူရဲ့ အမေနဲ့အဖွားဖြစ်သူတွေကို သွားကူညီပြန်တယ်
"jungkook သားလေး ကို သွားနှိုးတော့လေ"
"ဟုတ်ကဲ့ ဒေါ်လေး"
ဆိုပြီး jimin အခန်းဆီသွားပြန်တယ်
ခုတင်လေးထက် အိပ်စက်နေသော ချစ်ရသူကလေးက ဘယ်လောက်အသည်းယားစရာကောင်းလိုက်လဲဗျာ
"ပြွတ်စ်"
ကလေးရဲ့ နဖူးထက်အနမ်းတစ်ပွင့်စစချင်းခြွေတော့
စောင်ပုံထဲက ကလေးလေးမှာ လှုပ်လာလေတယ်"အင်းးးးးး"
အပျင်းကြောဆန်နေပြန်တယ်လေ
"ဟမ် ကိုကို"
ကလေး အပေါ်ကို အုပ်မိုးထားသော ကျွန်တော့်ကိုတွေ့တော့ လန့်သွားတယ်ထင်တယ်
"ကလေး အိပ်ရေးဝရဲ့လား"
"အွန်း"
"ကဲ့ ထ ကိုကို မျက်နှာသစ်သွားတိုက်ပေးမယ်"
"ဟီးဟီး "
တပြုံးပြုံးနဲ့ ရီနေသော ချစ်ရသူကလေးကို တစ်ဖန် အနမ်းခြွေမိပြန်တယ်
"ကိုကိုကလည်းကွာ ကလေးမျက်နှာမှာ
အာပုပ်ရေတွေ နဲ့လေ မရွံဘူးလား""ရွံစရာလား ကိုယ့်ကလေးက ဒီလောက်မွှေးတာ "
"ဟာ ဗရမ်းဗတာတွေမပြောနဲ့ ဒီလောက်နံတာကို"
"ပြွတ်စ် အွန်း"
အရှေ့က တစ်တွတ်တွတ်နဲ့ပွားနေပြန်သော ကလေးကို သည်းမခံနိုင်တော့ပါ အိပ်မှုံစုံဖွားနဲ့ ဆံပင်က ပွရှုပ်ကာ ချစ်ဖို့ကောင်းနေပြန်ရော
"ပြွတ်စ်"
လွှတ်ပေးလေတော့ ကျွန်တော့်ကို မျက်စောင်းကြီးကြီးထိုးကာ နှုတ်ခမ်းဆူထားပြန်တယ်
ကျွန်တော်လည်းကလေးကို ပွေ့ကာ ရေချိုးခန်းသွားရပြန်တယ်
ဘေစင်ပေါ်ကလေးကို ထိုင်စေကာ
ရေနွေးနွေးလေးနဲ့ မျက်နှာနုနုကလေးကို သေချာသစ်ပေးရပြန်တယ်
သွားကလေးတွေကို သေချာတိုက်ပေးလည်း ပြီးတော့ ကလေးကို တဖန်ပွေ့ချီလာကာ ခုတင်ပေါ်ခဏထိုင်စေတယ်
YOU ARE READING
My Bunny 🐰[COMPLETED]
Fanfictionမင်းလေးသာ ကိုယ့်ရဲ့ချစ်ရသူအဖြစ်နေပေးမယ်ဆိုရင် ကိုယ်ဘာမှ လိုအပ်နေတော့မှာမဟုတ်ဘူး ကိုယ့်ကိုယ် မင်းလေး ကာကွယ်စရာမလိုပါဘူး ကိုယ်ကမင်းလေးကိုကာကွယ်ပေးမှာမို့လို့လေ jungkook မင်းလေးသာ ကိုယ့်ရဲ...