ကားတစ်စီး သည် jimin တို့အိမ်ရှေ့တွင် စောင့်နေလေတယ်
ခရီးသွား အနည်းငယ်လည်း ပါသေးတယ်"မြေးလေး ဂရုစိုက်နေနော် "
"သားလေး အားလုံး ဂရုစိုက်နော် ကြားလား"
"ဟုတ်ကဲ့ပါ ဖွားဖွား စိတ်ချ သားအားလုံးအဆင်ပြေအောင်နေမယ် ဟီးဟီး"
"ဟုတ်ပါပြီ မြေးလေးရယ် လာပါအုံး ဖက်ပါရစေအုံး"
Jiminလေးကို အမေဖြစ်သူနှင့် အဖွားဖြစ်သူ က ဖက်ကာ
"ဖွားဖွား အရမ်းလွမ်းနေတော့မှာပဲ မြေးလေးရယ် ကျောင်းပိတ်ရက်ကျရင် ပြန်လာအုံးနော် ကြားလား မဆိုးနေနဲ့အုံး"
"ဟုတ်ကဲ့ ဖွားဖွား"
"သားလေး
ပစ္စည်း တွေသေချာ စစ်အုံး""ဟုတ်ကဲ့ မေမေ မေမေ့ကိုလည်း သားအရမ်းလွမ်းနေရတော့မှာ ဖွားဖွားကို လည်း သတိရနေမှာ နော် "
"သားရယ် "
တီ တီ
အိမ်ရှေ့ကားမှဟွန်းတီး၍ခေါ်နေလေပြီး
"မြေးလေး သွားဖို့ ခေါ်နေပြီး ကဲကဲ မြန်မြန်သွားတော့"
"ဖွားဖွား သားသွားပြီးနော်"
အမေဖြစ်သူနဲ့ အဖွားဖြစ်သူအား လက်ကလေး ကာပြပြီး
"Bunny မင်းကတော့ ငါ့ပေါင်ပေါ်ထိုင်ရမယ်"
ခရီးဆောင်အိတ်များနေရာချပြီး ကားပေါ်တက်ကာ
ယုန်ကလေးကို ပိုက်ထားရက်*ဟူး......ဟိုရောက်ရင် ဘယ်လိုဖြစ်မလဲ မသိ*
အဲ့လိုနဲ့ခရီးဆက်ခဲ့လိုက်ရလေတယ်
နောက်ဆုံးတော့ လိုရာ ခရီးရောက်ခဲ့လေပြီး
"ကဲ့ bunny ငါတို့ လာရမယ့်နေရာတော့ ရောက်ပြီး taxiငှားပြီးပဲ လိပ်စာကဒ်အတိုင်းသွားရမယ်"
"Stop stop!!!!"
Taxi ရပ်နေတာပါ😁
တောသားမြို့တက်အတိုင်းဖြစ်နေသလားလို့🙂Taxi တစ်စီးငှားလို့ ရလိုက်တယ်
"ဦးလေး ကျွန်တော့်ကို ဒီလိပ်စာ ကဒ်အတိုင်းပို့ပေး"
"အင်း "
ဦးလေး တက်စီသမားကလည်း လိပ်စာကဒ်အတိုင်း jiminလေးကို ပို့ပေးခဲ့လေတယ်
BINABASA MO ANG
My Bunny 🐰[COMPLETED]
Fanfictionမင်းလေးသာ ကိုယ့်ရဲ့ချစ်ရသူအဖြစ်နေပေးမယ်ဆိုရင် ကိုယ်ဘာမှ လိုအပ်နေတော့မှာမဟုတ်ဘူး ကိုယ့်ကိုယ် မင်းလေး ကာကွယ်စရာမလိုပါဘူး ကိုယ်ကမင်းလေးကိုကာကွယ်ပေးမှာမို့လို့လေ jungkook မင်းလေးသာ ကိုယ့်ရဲ...