EP15💖(my bunny) uni& zawgyi

741 73 4
                                    

အမေဖြစ်သူမှာ ခြံထဲက ပန်းပင်တွေကို ရေလောင်းနေသောအခါ အဖွားဖြစ်သူကလည်း မြေတွေဆွပြီး တစ်ခြားအပင်တွေကို စိုက်နေပြန်တယ်

Jiminလေးလည်း အဖွားဖြစ်သူကို ဝိုင်းကူလေတယ်

"ဖွားဖွား.........သားကူပေးမယ်နော်"

"မြေးလေးရယ် ရပါတယ် ကွယ်"

"ဟီးဟီး သား ပန်းပင်တွေ ကို စိုက်‌ချင်တယ်"

"မြေးလေးရယ် ပင်ပန်းလိမ့်မယ် သွားထိုင်နေသွား"

"ဟအင့် သားလည်း ဝိုင်းကူချင်တယ် ဖွားဖွား မနက်ဖြန်ကြရင် ပြန်ရတော့မှာ"

"အင်း ဒါပေမယ့် ပန်းပင်တွေကို မျိုးပွားဖို့ အတွက် အဖွားပဲ လုပ်လိုက်မယ် မြေးလေးကတော့ ဒီမြေကလေးတွေကို ဆွပေးလေနော်"

"ဟုတ်ကဲ့"

"သားလေး သားသူငယ်ချင်းရော"

"အော် jungkook က အခန်းထဲမှာ အိပ်နေတယ်မေမေ!!!!!"

"အင်း အင်း"

Jiminလေးလည်း မြေကြီးတွေကို ခရင်းနဲ့ထိုးဆွကာ
အဖွားဖြစ်သူက ပန်းစေ့တွေကို ပျိုးနေလေရဲ့

"ဖွားဖွား ပျိုးတဲ့ ပန်းစေ့က ဘာပန်းလဲဟင်"

"စိန်ချယ်ပန်းလေးတွေလေ မြေးလေး"

"ဟုတ်လား သူတို့လေးက ပွင့်လာရင် လှမှာပဲနော်"

"အင်းလေ မြေးလေး လှတာပေါ့ပန်းတွေပဲလေ "

"ဟီးဟီး "

"သားလေး"

"ဗျာ မေမေ"

"jungkookနဲ့ သားက ကျောင်းမှာ ခင်ကြတာလား"

"အွန်းလေ မေမေ"

"အဲဒါဆို သားbunnyလေးရော jungkookအိမ်မှာပဲပေါ့"

"အွန်း"

"သားအများကြီး ပြောင်းလဲသွားတာပဲ အမြဲတမ်းဆို bunny ကို မျက်စိထဲကနေတောင် အပျောက်မခံတဲ့ဟာကို"

"သားက အဲ့တုန်းက bunny ကို အရမ်းချစ်လို့လေ"

"အခုကြတော့ရော "

"ချက်စားမလို့ "

"ဟမ် !!!jimin သား !!ဘာတွေပြောနေလဲ"

My Bunny 🐰[COMPLETED]Tempat cerita menjadi hidup. Temukan sekarang