EP17💖(my bunny)uni& zawgyi

613 69 2
                                    

မနက်ခင်းရဲ့ အစကလေးဟာ ပိုမိုလှပနေခဲ့ပြန်တယ်
ချစ်ရသူကို ရင်ခွင်ထဲထည့်ပြီး နိုးထရတဲ့ အငွေ့သက်ကို ကျွန်တော်အရမ်းနှစ်သက်ခဲ့ပြီး

ကလေးကို အရမ်းချစ်နေရလို့လား မသိဘူး ကျွန်တော့်ဘဝက ပိုပြီး အဓိပ္ပာယ်ရှိလာခဲ့တယ်

*အော် ကျွန်တော်အခု လူပုံစံနဲ့ဆိုရင် ကလေး စိတ်ဆိုးနေတော့မှာပဲ*

Flash back night time

🐰"အင်း ဒီကလေးလေးတော့ အိပ်သွားပြန်တာလား"

Jiminတစ်ယောက် အိမ်ကို လမ်းလျှောက်ပြန်လာရတော့ ခရီးကလည်း ပန်းခဲ့တဲ့ဒဏ်နဲ့ပေါင်းပြီး ဆိုဖာပေါ်တွင်သာ အိပ်မောကျနေလေတယ်
Jungkookကို ချီထားရင်းဖြင့်

Jungkookလည်း လူပုံပြောင်းကာ

(KitKat_အဟမ်း jungkook အဝတ်မပါဘူး😶)

Jiminကို အခန်းဆီအား ပွေ့ချီပြီး
ကိုယ်လက်တွေ ရေစွတ်ပြီး အဝတ်စနဲ့ သေချာသုတ်ပေးကာ
အဝတ်စားကလေးလည်း သေချာပြန်လဲပေးပြန်တယ်

ချစ်ရသူကတော့ ဘယ်လောက်တောင် ပင်ပန်းနေ‌လဲမသိ ရင်ဘတ်တိုက်တာတောင် မနိုးပါဘူး

"ကလေး အရမ်းချစ်တယ် "

နဖူးလေးကို အနမ်းပေးကာ

Jungkookက ရေဇလုံတွေ သွားပြန်ထားဖို့အလုပ်

"ကိုကို ဟင့် !!အဟင့်"

ကယောင်ကတန်းနဲ့ ငိုနေသောကလေး မျက်လုံးတောင်မဖွင့်ပဲ ငိုနေတာပါ
လက်ကလေးက ကျွန်တော့်လက်ကို ဆွဲထားရင်းဖြင့်သာ

"ကလေး~~~"

တိုးတိုးသာသာခေါ်တော့
ကလေးက မနိုးဘဲ ကျွန်တော်လက်ကိုသာ အတင်းဆွဲထားလေတယ်

နှုတ်ခမ်းဖျားမှလည်း

"ကိုကို ဟင့် ကလေး ကို မပြစ်ထားပါနဲ့ ဟင့် ဟင့်"

အိမ်မက်ဆိုးတွေ မက်နေပြန်ပြီးဖြစ်မယ်

*ကိုယ့်ကိုယ်ချစ်တာ ကိုယ်သိပါတယ် ကလေးရယ် ကိုယ်သာ လူဖြစ်ခွင့်ရခဲ့ရင် ကလေး အနားကနေဘယ်မှမသွားဘူး ဒါပေမယ့် ကလေးနဲ့ဝေးရာကို ကိုယ်တစ်‌နေ့ထွက်သွားရမယ် ကလေးရယ်*

My Bunny 🐰[COMPLETED]Where stories live. Discover now