"သားလေးရေ ညစာစားလို့ရပါပြီးကွယ်"
"ဟုတ်ကဲ့ မေမေ!!!!!!"
အခန်းထဲကနေ အော်ပြောနေရှာသော သားဖြစ်သူ
"ကလေး ရရဲ့လား"
Jiminလေး ကို ကူတွဲလာပေးသော jkကိုတော့ jiminက အမြင်မကြည်နေပါ
*အရူးကြီး အခုမှ လာမေးနေတယ် အစကတည်းက နာအောင်မလုပ်နဲ့ပေါ့ *
"ကလေး ဖြည်းဖြည်းဆင်း"
"မင်းပါးစပ်ကို ကလေး ကလေးနဲ့ ငါပဲ ပိတ်ပြစ်ရဖို့လား"
Jkလည်း jiminလေး စိတ်အလိုမကျတာသိပေမယ့် အတတ်နိုင်ဆုံး နာမည်ကို ခေါ်ဖို့ လုပ်ရပြန်တယ်
"Jimin shii ဖြည်းဖြည်းလျှောက်နော်"
Jiminလည်း ဆက်မပြောနေတော့ပဲ ညစာစားပွဲဆီကိုသာ
"သားလေး ဖြည်းဖြည်းထိုင်နော်"
"မေမေကလည်းဗျာ နာတာက ကျောပါ "
"အော် မြေးလေးရယ် စိတ်လျှော့ပါအုံး"
"အွန်း ဖွားဖွား "
"အော် သား jungkookဒီအိမ်မှာ ကိုယ်အိမ်လိုပဲနေနော် ကြားလား"
"အာ ဟုတ် ဟုတ်ကဲ့"
Jiminကတော့ အမြင်မကြည်ပေ
မျက်နှာလှလှကလေးထက် အမဲ့ပြုံးလေးဖြင့်
နှုတ်ခမ်းက ဆူထားပြန်တယ်"မြေးလေးတို့ စားကြ ကြိုက်တာ ထည့်စား ရှိသေးတယ်နော် ဒီနေ့ လပြည့်ညဆိုတော့ ဖွားဖွား မုန်လာဥနီမုန့်လည်း လုပ်ထားသေးတယ် ခဏနေအုံး ဖွားဖွားသွားယူလိုက်အုံးမယ်"
"မေမေရယ် သမီးပဲ သွားယူလိုက်ပါ့မယ် ထိုင်နေ "
"အင်းပါကွယ်"
Jimin လေးအမေကလည်း မုန်လာဥနီမုန့်ကို သယ်လာကာ စားပွဲရဲ့ အလယ်မှာ ထားလိုက်တယ်
Jungkook မျက်လုံးကတော့ မုန်လာဥနီမုန့်ဆီမှာသာ
*ဟီးဟီး bunny ရာ မင်းကလည်းကွာ အဲ့မုန့်ကို အရမ်းစားချင်နေပြန်ပြီးလား မျက်လုံးလေးက အရောင်တောက်လို့*
"ရော့ jungkook"
မုန်လာဥနီမုန့်ကို ပေးလာသော jiminလေး
YOU ARE READING
My Bunny 🐰[COMPLETED]
Fanfictionမင်းလေးသာ ကိုယ့်ရဲ့ချစ်ရသူအဖြစ်နေပေးမယ်ဆိုရင် ကိုယ်ဘာမှ လိုအပ်နေတော့မှာမဟုတ်ဘူး ကိုယ့်ကိုယ် မင်းလေး ကာကွယ်စရာမလိုပါဘူး ကိုယ်ကမင်းလေးကိုကာကွယ်ပေးမှာမို့လို့လေ jungkook မင်းလေးသာ ကိုယ့်ရဲ...