part9💖(my bunny)uni& zawgyi

1K 95 4
                                    

Jiminလေးလည်း မနက်စာဆင်းစားလေတော့

ခုံတွင်အပေါ်ပိုင်းဗလာဖြင့်ထိုင်နေသော bunnyဖြစ်သူ

"ရား....!!!!!!ခင်ဗျား ဘယ်လိုနေနေလဲ "

"ကိုယ်ဘယ်လိုနေလို့လဲ"

"ဟာဗျာ ကျွန်တော် ခင်ဗျာနဲ့ စကားမပြောချင်ဘူး"

Jiminလည်း မနက်စာကို စားနေပြန်တယ်

"ကလေး"

"ကလေး ~~~~~"

"ဒီမှာ ခင်ဗျာ ကျွန်တော့်ကို jiminလို့ခေါ် ကလေးလို့မခေါ်နဲ့ ကျွန်တော်ကလေးမဟုတ်ဘူး!!!!!!!"

"ကလေးပဲ ခေါ်မှာ"

"ခင်ဗျာက ဘာလဲ ယုန်လား ဒါမှမဟုတ် လူလား တော်တော်ပြောရခက်တဲ့ လူထူးဆန်းကြီး"

"ကိုယ့်ကိုယ်ခင်ဗျာ ခင်ဗျားလို့ခေါ်နေတာ မမောဘူးလား ကလေး"

"Bunny လို့ခေါ်လေ"

"‌ခင်ဗျာသာ bunny မှန်းသိရင် အစကတည်း မမွေးစားပါဘူး"

"ကလေး "

"ဘာလဲ ခင်ဗျားကို ပြောထားတာ မေ့သွားပြီး လားကျွန်တော့်ကို jiminလို့ခေါ်ပါဆို"

"Jimin‌ shii"

"ဘာလဲ ပြော"

"ကိုယ့်အတွက် မနက်စာရော "

"ဘာလဲ ခင်ဗျာ ရှာစားမတတ်ဘူးလား "

"ကိုယ့်အတွက်လည်း လုပ်ပေးလေ jimin shii"

"ကျစ်~~~~ လုပ်ပေးမယ်"

ဟူး...........

Jiminလေးလည်း သက်ပြင်းတစ်ချက်ချကာ
မုန်လာဥနီနဲ့ ဆလပ်ရွက်တွေကို ပါးပါးလှီးကာ အရွက်သုပ်လုပ်ပေးလေတယ်

"ရော့ စား"

"ဟင် "

"ဘာလဲ မစားဘူးလား"

"ဟို ကလေးစားသလို ကိုယ်လည်းစားချင်တယ်"

"ရား!!!!!!!!??!ကလေးလို့မခေါ်ပါနဲ့ဆို!!!!!!"

"အော် ကိုယ်မေ့သွားတယ်"

"ခင်ဗျာ နော် ပြီးတော့ ခင်ဗျာကိုယ်ခင်ဗျာ ကိုယ်လို့ မသုံးနေပါနဲ့ဗျာ"

"အဲ့ဆို ဘယ်လို သုံးစေချင်လို့လဲ"

"ခင်ဗျာ နာမည် ဘယ်လိုလဲ"

My Bunny 🐰[COMPLETED]Where stories live. Discover now