Extra🐰(uni& zawgyi)

911 61 7
                                    

ခြံထဲက ထိုင်ခုံတွင် တစ်ယောက်တည်းထိုင်ကာ မုန့်စားနေသော  kookie ပေါက်စတစ်ယောက် ရှိလေတယ်

နှုတ်ခမ်း ပိစိကလေးကို ဆူထားပြီး မျက်လုံးကလေးကလည်း မျက်ရည်အပြည့်

"အင့် ပါးပါးက dadaကိုပဲ ပိုပို့ပေးတယ် kookကိုကျတော့ ပိုပို့မပေးဘူး ဟင့် ပါးပါး လူဆိုး ဟင့်"

Jimin တစ်ယောက် ချစ်ရသူ သားလေးကို ပတ်ရှာတော့ ခြံထဲက ခုံလေးမှာ ထိုင်ကာ စိတ်ကောက်နေပြန်သော သားဖြစ်သူကို တွေ့လေတယ်

"အင်း ဒီကလေးလေးကတော့လေ"

ဆိုပြီး သားဖြစ်သူဆီ အနားသွားတော့

ခုံဘက်ကို လှည့်သွားသော ပေါက်စလေး
လက်သေးသေးလေးက မုန့်ထုပ်ကို နှိုက်တုန်း ပါးစပ်ကလေးကလည်း အစားမပျက် ငိုပါငိုနေတာ
အစားစားရင်း ငိုတော့ စကားလုံးက ဝူဝူ ဖြစ်နေလေတယ်

ထို ပေတူးလေးကို ကြည့်ရင်း jimin ပြုံးမိလေတယ်

*ကျွန်တော်နဲ့ ကိုကိုက သားလေးကို မိဘမဲ့ဂေဟာကနေ မွေး‌စားထားတာပါ သားလေး မိဘတွေက ကားအက်ဆီဒင့်ဖြစ်လို့ အဲ့တုန်းကသားလေးက ၅လသားအရွယ်သာ ရှိသေးတယ်လေ အဲ့တာနဲ့ မောင့်ကို ကလေးလိုချင်တယ်လို့ ပူဆာတော့ သားနဲ့ဆုံရတာပါပဲ
သားလေးကို ကျွန်တော့်ဝမ်းနဲ့ လွယ်မမွေးခဲ့ရပေမယ့် ကျွန်တော့်ရဲ့ အသက်လောက်ကြီးချစ်ပါသည်ဗျာ  *

"သားလေး kook"

ပေတူးလေးက ထူးမလာပေ

"Kook~~~~"

သားဖြစ်သူကို ကောက်ပွေ့ချီတော့ လုံးလုံးကစ်ကစ်လေးနဲ့ ပါးလာလေတယ်

မုန့်ထုပ်ကို ပိုက်ထားတုန်း

နှုတ်ခမ်းလေးတွေမှာ မုန့်အစနတွေ နည်းတာမဟုတ် အခုဆို ကျွန်တော့်သားက ကြောင်ချီးကုတ်ရုပ်ဆို ပိုမှန်မယ်

ပေတူးနေတာပဲဗျာ

"Kookလေး"

"ဟင့် ဝါး ဗြဲ"

ဒီတစ်ခါတော့ ပေတူးသားလေးက ထအော်ကာ ငိုပါလေရော

"ဟင့် အီးဟီး "

"ဟော ပါးပါးသားလေးက အငိုသန်လေးပဲ "

ပါး‌တင်းတင်းလေးထက်က မျက်ရည်စတွေကို လက်နဲ့အသာ သုတ်ပေးကာ အိမ်ထဲကို ချီလာလေတယ်

My Bunny 🐰[COMPLETED]Where stories live. Discover now