ထယ်ယောင်း ပြန်ရောက်ချိန်၌ ထိုသူကတော့ဖြင့်
အေးအေးလူလူ အချိုရည်လေးတမြမြ။"လက်ပေး ငါဆေးထည့်ပေးမယ်"
"အင်း"
အရက်ပြန်ကိုဂွမ်းစထဲလောင်းထည့်ပြီး
ဒါဏ်ရာအားသန့်စင်ပေးသော်လည်း
တစ်ချက်ကလေးမှ တွန့်မသွား။သူ့မျက်နှာကိုသာစက္ကန့်မလပ်ငေးကြည့်နေသည်။"ဘာလို့ အဲ့လောက်ကြည့်နေရတာလဲ"
"အခုမှ တွေ့ဖူးတဲ့သူကို ဂရုတစိုက်
ဆေးထည့်ပေးနေလို့ပါ""အင်း ငါ့စိတ်ကိုက အဲ့ဒီလိုပဲ၊ ဝါသနာလည်းပါတယ်"
"ကြီးလာတဲ့ အခါဆေးကုပေါ့၊ဝါသနာကို
လည်းလုပ်ရ၊ပိုက်ဆံလည်းရ၊မဟုတ်ဘူးလား"လာပြန် ပြီနောက်တစ်ယောက်။ဆရာဝန်ဖြစ်မယ်ဟုတစ်ထစ်ချယုံကြည်နေသည့် အစ်ကိုယွန်ဂီ သည်လည်း ထိုနည်းလည်းကောင်းပင်။
"ငါ ဆရာဝန်မလုပ်ဘူး "
"အင်း ငါလည်းသိပါတယ်။
မင်းဆရာဝန်မဖြစ်လောက်ဘူး"အနာကြပ်ဆေးထည့်ရင်း ထယ်ယောင်း၏လှုပ်ရှားမူ့တွေ အနည်းငယ်တုံ့နှေးသွားသည်။အတပ်သိသလိုပိုင်နိုင်စွာပြောချလိုက်သော
သူအားစိုက်ကြည့်လိုက်ရင်း"ဘာလို့ အဲ့ဒီလိုပြောရတာလဲ "
"ဗေဒင်တွက်တက်တယ်လေ မင်းရဲ့ဥပတိရုပ်ကဆရာဝန်ဖြစ်မဲ့ရုပ်မှမဟုတ်တာ"
"မင်းကဗေဒင်ဆရာလား ။လုပ်စမ်းပါဦး ဆရာဝန်မဖြစ်ရင် ငါဘာဖြစ်မှာလဲ"
"ဘယ်သိမလဲ"
"မင်းပြောတော့ ဗေဒင်တွက်တယ်ဆို"
"ငါကမင်းကိုအလကားနောက်လိုက်တာပါ။
ဘာဗေဒင်မှမတွက်တက်ဘူး။ဒီမှာမင်းရဲ့
လစဉ်မှတ်တမ်းမဟုတ်လား။မင်းဒီလောက်စာညံ့တာ ဘယ်လိုလုပ်
ဆရာဝန်ဖြစ်နိုင်မှာလဲ။မဟုတ်ဘူးလား""မင်း ဒါကို"
"ဟိုးနားက နှင်းဆီခင်းနားမှာ တွေ့ခဲ့တာ "
"ဟုတ်မယ် ငါကျခဲ့တာပဲနေမယ်"
ယူလေဆိုသည့်အကြည့်မျိုးဖြင့် ပေးလာသောလစဉ်မှတ်တမ်းသည် ထယ်ယောင်းအတွက်
သိပ်တော့လည်း အရေးမကြီး။
YOU ARE READING
If(The Story of V)
Fanfictionအကယ်၍များ ဝတ်လွှာစိမ်းနှင့် ပန်းနှင်းဆီတွေကိုသာ မမြတ်နိုးခဲ့မိဘူး ဆိုပါလျှင်