"မပြန်သေးဘူး လား ထယ် ""အင်း ပြောစရာရှိသေးလို့ စောင့်နေတာ"
"ပြောလေ ဘာများလဲ "
"ခေါင်းအရင်သုတ်ပေးမယ် ထိုင် "
"ငါ့ဘာသာပဲလုပ်လိုက်ပါ့မယ်"
ထယ်ယောင်းသည် လက်ထဲမှ
ပဝါကို ဆုပ်ကိုင်ထားရင်း
ဂျီမင်းအား ရုပ်တည်ဖြင့်စိုက်ကြည့်လိုက်သည်။
ထိုအခါမှ လိမ်မာစွာနှင့် ငြိမ်သက်ပေးလေ၏။
ခေါင်းတင်မဟုတ်ရေစက်ကလေးတွေ
သီးနေသော ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးအား
ပဝါဖြင့်သုတ်ပေးသည်။ထယ်ယောင်း၏လက်တို့သည် ညင်ညင်သာသာလှုပ်ရှားနေလေသည်။"ခေါင်းတွေ မူးနေလား "
"နည်းနည်းပါ ရေချိူးလိုက်တော့
သက်သာနေပြီ "" စောစောက ပြောလိုက်တဲ့ စကား
အတွက် တကယ်အားနာတယ်၊ငါလွန်မိတယ် ""မမှားပါဘူး ၊စိတ်ထဲကထုတ်လိုက်၊
နောက်ဆို ငါဆင်ခြင်ပေးမယ် ""မင်းနား "
"အင်း"
"ဆင်ခြင်စရာမလိုဘူး ၊
ဒီအတိုင်း အအော်ခံလိုက်ရလို့
ငါစိတ်တိုသွားပြီး လျှောက်မဲလိုက်မိတာ ""......"
မည်သည်စကားကိုမှပြန်လည်မပြော၍ ထယ်ယောင်းစိတ်တွင်သိပ်တော့ လည်းမတင်မကျ။ထို့ကြောင့်
"စိတ်ဆိုးမပြေသေးဘူးလား "
"ငါမင်းကို တစ်ခါမှ စိတ်မဆိုးဖူးဘူးထယ်"
ဝင့်ကြည့်လာသော မျက်နှာချောချောသည်
ရဲတွက်နေ၏။ မျက်လုံးကလေးတွေသည်လည်း
အားနည်းနေ၏။
နဖူးပြေပြေ ပေါ်သို့ အနမ်းတစ်ပွင့်ဟာဖျက်ကနဲ။
ရုတ်တရက်မို့ မျက်တောင်ကလေးတွေ
ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားလေသည်။"ငါ ဟယ်ရီ့ကိုတောင်
တစ်ခါမှ မနမ်းဖူးဘူး၊ဟယ်ရီမပြောနဲ့
ငါ့မိဘတွေကိုတောင် မနမ်းဖူးဘူး။
ဒါ တစ်စုံတစ်ယောက်ကို ပထမဆုံး
နမ်းဖူးခြင်းပဲ၊ မင်းကို
မို့လို့ ပေးတဲ့ ပထမအနမ်းပဲ ""ကျေးဇူးတင်ပါတယ် "
ထယ်ယောင်းသည် ခြောက်သွေ့တော့မည်
ဆံနွယ်တွေအားလက်ဖြင့်ထိုးဖွရင်း
YOU ARE READING
If(The Story of V)
Fanficအကယ်၍များ ဝတ်လွှာစိမ်းနှင့် ပန်းနှင်းဆီတွေကိုသာ မမြတ်နိုးခဲ့မိဘူး ဆိုပါလျှင်