ဦးခေါင်းထက်မှ နာကျင်မူ့နှင့်အတူမျက်လုံးအစုံတို့
ဖြေးဖြေးချင်း ပွင့်လာ၏။ကျင့်သားရနေသော ကိုက်ခဲမူ့ မျိုးထက်အဆပေါင်းများစွာ ပိုသာ၍
နဖူးကြောတွေလည်းတင်းနေ၏။"အစ်ကို သတိရပြီလား "
လက်တစ်ဖက်ဆီမှ နွေးထွေးမူ့သည်
သူ့လက်ကို ဂျွန်ဂျောင်ကုက ဆုပ်ကိုင်ပေးထားခြင်း
ဖြစ်သည်။
ထို့နောက် ဆရာဝန်အနည်းငယ် ရောက်ရှိလာပြီး
စစ်ဆေးမူ့တစ်ချို့ကို ပြုလုပ်ပေးသွားသည်။"အစ်ကို သက်သာရဲ့လား"
စိုးရိမ်တကြီး အမေးကို ထယ်ယောင်းမဖြေနိူင်သေး။သူဘာတွေဖြစ်နေသလဲ နားမလည်နိုင်ပေ။
"ကိုယ်ဘာလို့ ဒီရောက်နေတာလဲ"
ဂျောင်ကုက သက်ပြင်းတစ်ချက်ချ၍
နွမ်းလျစွာသော လေသံဖြင့်"အစ်ကို ကားအက်စီးဒန့်ဖြစ်ခဲ့တာ "
မျက်လုံးရှေ့က ဂျောင်ကုကို စူးစိုက်ကြည့်ရင်း
ငိုသံတွေက နားထဲ၌ ပဲ့တင်ထပ်လျက်။သူဘာကြောင့် အက်စီးဒန့်ဖြစ်ခဲ့ရသလဲဆိုသည့်အကြောင်းအရာကိုပြန်စဉ်းစားကြည့်သည်။သို့ရာတွင်
"အာ့ "
ခေါင်းအတွင်းပိုင်းမှ စူးစူးဝါးဝါး ကိုက်လာ၏။
နာကျင်မူ့ကို ဖြေလျော့ရန် ပူရှနေသော မျက်လုံးတွေကိုမှိတ်ပစ်လိုက်ရသည်။
ပါးပြင်ပေါ်ရောက်လာသည့်မျက်ရည်ပူတွေကို
ဂျောင်ကုကလက်ဖဝါးဖြင့် ဖယ်ရှား၏။"ဘယ်နားက အဆင်မပြေလို့လဲဟင် "
ခေါင်းကိုဖြေးဖြေးယမ်းပြဖို့တောင်
အင်အားမရှိပေ။ဦးခေါင်းတင်မက
တစ်ကိုယ်လုံးဟာ မသက်မသာဖြစ်လာ၏။သူ့အတွေးထဲ ဘာကိုမှ ဖမ်းဆုပ်မရတော့။
ဘာကိုမှလည်း စဉ်းစားပုံဖော်မရတော့။သူ့စိတ်ထဲ၌ သေလုနီးပါးဒါဏ်ရာတွေဖြစ်စေမည့်
အကြောင်းအရာတစ်ခုခုရှိနေသည်။
သို့သော် သူဘာတစ်ခုမှ မမှတ်မိတော့ပေ။မရမက တွေးတောပါသော်လည်း စိတ်နောက်ကို
ခန္ဓာကိုယ်က မလိုက်နိုင်။
တွေးလိုက်တိုင်း သူ့ဦးခေါင်းတစ်ခုလုံးကို
စိစိညက်ကြေအောင် ကားကြိတ်ခံနေရသလိုပင်။
YOU ARE READING
If(The Story of V)
Fanfictionအကယ်၍များ ဝတ်လွှာစိမ်းနှင့် ပန်းနှင်းဆီတွေကိုသာ မမြတ်နိုးခဲ့မိဘူး ဆိုပါလျှင်