ကံတရားဟာ တိတိပပကို တေ့လွဲတွေလွဲချော်စေခဲ့ပြီး တိတိပပကို ပြန်လည်ကာတွေ့ဆုံပေးပြန်သည်။သို့ရာတွင် အဆန်းတကြယ်။
တိုက်တိုက်ဆိုင်ဆိုင်ရည်းစားဟောင်း၏
သမီးဖြစ်သူနှင့်သွေးအမျိုးအစားချင်းတူနေ
သောကြောင့် ရက်ရက်ရောရောပင်
သွေးလှူပေးခဲ့ရသေးသည်။ဂျူဟယ်ရီက ဘဝကို ကြမ်းတမ်းခက်ခဲစွာရုန်းကန်နေရသော်လည်းအပြုံးကလေးတွေ
နွေးထွေးဆဲ။
အလှတရားတွေ ရှိနေမြဲဖြစ်သည်။ခင်ပွန်းဖြစ်သူအကြောင်းကိုထယ်ယောင်းဘက်မှထုတ်မမေး။မေးလည်းမမေးချင်။သို့သော်ငြားစကားစပ်ဆက်မိ၍
မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရင်း
ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရှိခဲ့ရသည်။လက်ရှိ၌သားအမိနှစ်ယောက်တည်းနုံနုံချာချာ
ဖြင့်ငတ်တစ်လှည့်၊
ပြတ်တစ်လှည့်ဖြစ်နေပုံရသည်။ကြားရသမျှဟာ စိတ်နှလုံးချမ်းမြေ့ဖွယ်
မရှိပါချေ။မိဘတွေဆီမှအမွေဖြတ်စွန့်လွှတ်ခံထားသည်မို့အိမ်လည်းမပြန်ရဲ။စက်ရုံတွင် အလုပ်လုပ်ရသောဝင်ငွေကချူချာသော သမီးငယ်၏ ကျန်းမာရေးစရိတ်အတွက်လုံလောက်ပုံလည်းမရပေ။
"ကျေးဇူးပါပဲ ထယ်ယောင်းရယ် ၊နင်သာ
သွေးလှူမပေးရင် ငါ့သမီးလေး "ကလေးငယ်၏ လက်ကို ဆုပ်ကိုင်၍ ငိုကြွေးနေပြန်သော အမျိုးသမီးကိုကြည့်ငေးရင်း
ထယ်ယောင်းရင်ထဲစို့ကြပ်လာသည်။
သေလောက်အောင် ခက်ခဲပင်ပန်းနေသည့်
အခြေအနေ မှာတောင် မိခင်မေတ္တာကို
မြင်ဝါးထင်ထင်မြင်တွေ့နေရသည်။ပြန်တွေးကြည့်လျှင်ရင်နာစရာဖြစ်သည်။
သူ့အတွက်တော့ မိခင်မေတ္တာဆိုသည်ကား
အဘယ်အရာမှန်းပင်မသိခဲ့ရ။မေမေက
ဖေဖေပေးသောပိုင်ဆိုင်မူ့ တစ်ချို့ကိုယူ၍ ပျော်ပျော်ပါးပါးကြီးနောက်အိမ်ထောင်ပင်ပြုလိုက်သေးသည်လေ။အပြင်းအထန်နာကျင်မူ့တွေကဦးနှောက်အသိမှာကော၊နှလုံးသားခံစားမူ့မှာပါပြန့်ကျဲနစ်ဝင်လာသည်။"ဆေးရုံစရိတ်ကို ငါရှင်းခဲ့မယ် "
"မဟုတ်တာ ၊ ငါမနက်ဖြန်ဆိုလစာထုတ်ပြီမို့
မလိုပါဘူးဟာ၊သွေးလှူပေးတာနဲ့ ငါ့မှာနင့်ကို
ပြောမပြနိုင်လောက်အောင်ကျေးဇူးတင်နေပါပြီ"
YOU ARE READING
If(The Story of V)
Fanficအကယ်၍များ ဝတ်လွှာစိမ်းနှင့် ပန်းနှင်းဆီတွေကိုသာ မမြတ်နိုးခဲ့မိဘူး ဆိုပါလျှင်