Part -16(Z)

243 27 1
                                    

"ကင်ထယ်ယောင်း"

ခေါ်သံကြား၍ ကားတံခါးဖွင့်နေရင်း ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်‌သောအခါနှင်းဆီလေးက
လက်ကိုင်ဖုန်းကို မြင်သာအောင်ကိုင်ပြ၏။

"ဖုန်းကျန်ခဲ့တယ် "

ခပ်ပြတ်ပြတ်သာပြောပြီး ခန်းစည်းကို ပိတ်ချ
လိုက်၏။ ညနေစောင်းနေပြီဖြစ်သော်လည်း
နှင်းဆီလေးက နေရောင်တွေကိုသိပ်မကြိုက်တက်ပေ။

"ဟုတ်သားပဲ"

ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုးတွေကြောင့်
အမောမခံနိုင်ရသည့်ကြားထဲ၌
အိမ်ပေါ်သို့ နောက်တစ်ခေါက်ထပ်တက်ရပေဦးမည်။
ခြေထောက်တွေဟာတုန်ရီနေပြီး
လမ်းလျှောက်ရသည်မှာလည်း သိပ်အဆင်မပြေ။

"အခုတလောဘယ်ကို စိတ်ရောက်နေလို့ ခဏခဏ မေ့နေရတာလဲ"

အခန်းထဲသို့ ရောက်လျှင်ရောက်ချင်း
နှင်းဆီလေးသည်မျက်နှာကိုတစ်ဖက်လွှဲ၍
သံသယမေး‌ခွန်းနှင့်ဆီးကြိုသည်။
သို့သော်သူ့မှာ ခွန်းတုန့်မပြန်နိုင်သေး။
ဟိုနားနှင့်ဒီနားလောက် လမ်းလျှောက်ရသည်ကိုပင်
သူတော်တော်လေး မောဟိုက်နေသည်။

ဘယ်သောအခါမှ ဆူပူအပြစ်တင်ခြင်းမျိုး
အလျဉ်း မရှိခဲ့သည့် နှင်းဆီလေးက
ဒီရက်ပိုင်း၌ မကြာခဏဆိုသလိုမယုံသင်္ကာမေး
ခွန်းတွေ မေးတတ်လွန်းသည်။
ချာတိတ် နှင့်လည်း အထင်လွဲနေပုံရ၏။

" မောင်က ဘယ်မှ စိတ်မရောက်ပါဘူး ၊မောင့်ကောင်
လေးကသာ အတွေးများနေတာ "

စားပွဲပေါ်တင်ပေးထားသော ဖုန်းကိုထယ်ယောင်း ကောက်ကိုင်လိုက်သည်။နှင်းဆီလေး၏ ပါးအိအိကို
ဖျစ်ညစ်ပစ်ရန်လက်ရွယ်လိုက်တော့
နှင်းဆီလေးက နောက်သို့ဆုတ်ခွာသွားသည်။

"ငါတော့ မထင်ဘူးနော် ၊ မင်းဆိုင်က ဝန်ထမ်း
ကောင်လေးနဲ့ မင်းက "

"ဟာ ပေါက်ကရတွေကွာ ၊သူ့မှာ ကြိုက်နေတဲ့
သူရှိပြီးသားပါ "

မျက်နှာချိုသွေးကာ ဆွဲဖက်သည်ကို
အဖက်မလုပ် သည့်အပြင်
အတွန်းပါ ခံလိုက်ရသေး၏။
နှင်းဆီလေးကသူပေးသော အဖြေကို သိပ်
တော့လည်း ယုံကြည်ပုံမရ။သူ့ကိုသာ
မျက်တောင်မခတ်တမ်းစိုက်ကြည့်နေလေသည်။

If(The Story of V)Where stories live. Discover now