"ပိတ်ရက်တိုင်း ဆုံကြရအောင်"ဆိုသည့်ကတိစကား ကို ဖောက်ဖျက်မိသည်မှာ
ရက်သတ္တပတ်မြောက်များစွာတိုင်ခဲ့လေပြီ။
တစ်ခါတစ်ရံ အခန်းထဲပျံ့လွင့်လာသည့်နှင်းဆီနံ့တွေ ကို လည်းလျစ်လျူရှု့ပစ်ပယ်ခဲ့မိသည်။မသိစိတ်က အားနာမိသော်လည်း အသိစိတ်က
တော့ အားမနာမိခဲ့။ဝရံတာကိုထွက်မကြည့်မိတော့။
စိတ်ဝင်တစားလည်းမရှိတော့။ညီအစ်ကိုမက၊ချစ်သူမကျ အခြေအနေနှင့်အခန်းဖော် ကောင်လေးအနားမှာတစ်ချိန်လုံးရှိခဲ့သည်။
ပိတ်ရက်တွေ၌ ဆိုင်ကယ်ပတ်စီးရင်း နှစ်ယောက်သားရုပ်ရှင်အတူတူကြည့်သည်။
သူငယ်ချင်းတစ်အုပ်စုလုံးမျက်စိနောက်လောက်အောင်အဆင်ပြေခဲ့၊ချစ်ခင်ကြင်နာခဲ့ကြ၏။အကျင့်စရိုက်မတူ၍ ပြသနာလေးတွေတက်
ကြလျှင်တောာင် ဂျောင်ကု
ချော့လိုက်သည်နှင့်သူကြာကြာစိတ်မဆိုးနိုင်။ချစ်သလားဟု မေးတိုင်း ရှက်ကိုးရှက်ကန်း
ခေါင်းငြိမ့်တတ်လေသော ချစ်သူလေးကို
ထယ်ယောင်းမှာ ထားစရာနေရာပင်မရှိ။စာမေးပွဲဖြေပြီးသော်လည်းတိုက်ခန်းသို့မပြန်ခဲ့၊
မခေါ်ချင်မှန်းသိနေသည့်ကြားက
ဂျောင်ကု အိမ်ကို မရမက လိုက်သွားသည်။မခေါ်ချင်ရသည့် အကြောင်းအရင်းကလည်း
သူ့အပေါ် ထိခိုက်မူ့ တစ်စုံတစ်ရာရှိလာမည့် စိုးရိမ်သော စေတနာတစ်ခု ဖြစ်သည့်အလျောက်
ဂျောင်ကု အပေါ်၌ အချစ်ပိုရပြန်ပါ၏။ဂျောင်ကု ဖေဖေထံမှ "သား" ဆိုသည့်အခေါ်
အဝေါ် တစ်ခုအတွက်
ငွေဘယ်လောက်သုံးရ၊သုံးရသူမမူ့ပါ။သေဆုံးကွယ်လွန်သွားသည့် ဖခင်၏
အမွေမှန်သမျှကို၁၆နှစ်သားကတည်းက
လွှဲပြောင်းလက်ခံထားပြီးသားမို့
တင်နေသမျှအကြွေး၊ဖြစ်လာသမျှ ပြသနာတွေကို ငွေနှင့်ပေါက်ကာဖြေရှင်းသည်။အကြင်ပုဂ္ဂိုလ်ကပိုက်ဆံလိုလာလျှင် ဂျောင်ကုကို
မဆက်သွယ်၊သူ့ကိုသာ တိုက်ရိုက်ဆက်သွယ်သည်။ထို့ အတွက်တစ်ကြိမ်တစ်ခါမျှပင်
ငြိုငြင်၊စိတ်ကုန်ခြင်းအလျဥ်းမရှိ။
ချစ်မြတ်နိုးရသူအား ကာကွယ်မူ့ပေးချင်ခဲ့သည်။
ဘေးကင်းလုံခြုံ ဖို့အတွက်သာ ရှေးရူ့ခဲ့သည်။
YOU ARE READING
If(The Story of V)
Fanfictionအကယ်၍များ ဝတ်လွှာစိမ်းနှင့် ပန်းနှင်းဆီတွေကိုသာ မမြတ်နိုးခဲ့မိဘူး ဆိုပါလျှင်