Part -10(Z)

192 30 0
                                    

" အားလုံးအဆင်သင့်ဖြစ်ပြီလားဆော့ "

ကင်ဆော့ဂျင်သည်ပထမဦးဆုံးအကြိမ် အဖြစ် ရွာပြင်ရှိအိမ်ကြီးထဲသို့ ‌ရောက်ရှိလာ၍ ဂျောင်ဟိုဆော့၏အဝတ်အစားများကို
ကူသိမ်းရင်းမေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ အစ်ကို"

"ဒါနဲ့ ကျန်ခဲ့တဲ့ နှစ်တွေတုန်းကခြံထဲမှာ နှင်းဆီတွေဒီလောက်မများဘူးနော်၊၊အဲ့ဒီတုန်းကသစ်ခွပင်တွေ များတာ ၊ရွာထဲကလူတွေဆိုရင်
ဆော့တို့ခြံကို သစ်ခွခြံလို့ပဲခေါ်တာ"

အထုတ်အပိုးတစ်ချို့ကိုစီစစ်ပေးပြီးပြတင်းပေါက်ဆီငေးမောနေသည့်
အမျိုးသားက ‌လေသံတိုးတိုးဖြင့်ဆိုသည်။

ဆော့သည် ထိုအမျိုးသားရှိရာဘက်သို့
ကြည့်ရင်း ပြုံး၏။
အစ်ကိုဂျင်းက ကြည့်နေရင်းတောင်
ကြည့်မဝသည့် ယောကျာ်းမျိုး။
နေဒါဏ်၊မိုးဒါဏ် ကိုအံတု၍
အလုပ်ကြမ်းများစွာလုပ်ကိုင်နေသော
စိုက်ပျိုးရေးသမားတစ်ယောက်ဖြစ်ပါလျက်
အရေးအကြောင်းတစ်ခု၊‌တစ်‌လေတောင်မရှိ။

ဓာတ်ပုံတစ်ချို့ကိုအိတ်အတွင်းသို့
ထည့်ကာဇစ်ပိတ်ဟန်ပြင်ပြီးမှ
မလုပ်ဖြစ်ခဲ့။
သည်အတိုင်းထား၍ ပြတင်း
ပေါက်နားဆီထသွားလိုက်သည်။ထို့နောက်
အစ်ကိုဂျင်း၏ ခါးကို ဖက်တွယ်ရင်းဖြင့်

"အစကတော့ နှင်းဆီကို အဖြစ်လောက်
စိုက်မယ်ဆိုပြီးတွေးထားတာပဲ၊
ကျွန်တော်တို့ညီအစ်ကို‌ တွေက
သစ်ခွကိုပိုကြိုက်တယ်၊ဂျီမင်းဆိုရင် သစ်ခွစိုက်တာသိပ်တော်တာ၊ဆိုးလ်မှာ စိုက်ထားတဲ့
သစ်ခွတွေကို သူပဲ ဒီခြံထဲသယ်ခဲ့တာ"

"နောက်ကျတော့ ညီအစ်ကိုတွေ
မအားတာနဲ့ ဂရုမစိုက်မိတာတစ်ကြောင်း၊
ထယ်လေးကြိုက်လို့ နှင်းဆီပန်း
ကို ပိုစိုက်ဖြစ်တာတစ်ကြောင်း နဲ့
သစ်ခွ ပန်းကအရှင်းကိုမရှိတော့တာ"

"သတိတွေရနေတာလား ဆော့ "

အစ်ကို့ မေးခွန်းမှာ ဂရုဏာတွေအပြည့်ပင်။
သူ့ဒါဏ်ရာ၊သူ့ဝေဒနာတွေကို
သူ့နှူတ်ကထုတ်ပြောပြနေစရာတောင်မလိုအပ်။

"ဟုတ်တယ် အစ်ကို ၊သိပ်သတိရတာပဲ
ပြေးကြည့်မှ လောကကြီးထဲ
ဒီညီအစ်ကိုတွေပဲ ရှိတာလေ၊
အရင်ကတော့ ခြံထဲမှာ
အရှားပါးဆုံးသော သစ်ခွတွေကို
အမျိုးအစားစုံအောင် စိုက်ကြမယ်လို့
ဂျီမင်းနဲ့ ကျွန်တော် တိုင်ပင်ခဲ့ဖူးတယ်"

If(The Story of V)Where stories live. Discover now