"အသတ်ခံထားရတဲ့ အလောင်းနားမှာကင်ထယ်ယောင်းရဲ့ မှတ်ပုံတင်ကျခဲ့တာတဲ့ "
သည်းသည်းထန်ထန်ရွာနေသည့်မိုးကြောင့်
အိမ်ခေါင်မိုးဟာ တအုန်းအုန်းနှင့်ဆူညံနေသည်။
ထိုကဲ့သို့ ဆူညံ နေသည့်ကြား၌ပင်
စကားသံတွေကလည်း တစ်ယောက်တစ်ပေါက်။"ဟယ် ဒါဆို အဲ့ဒီကောင်လေးသတ်တာသေချာပြီပေါ့"
"အတိအကျမပြောတတ်ပေမဲ့ သေချာသလောက်တော့ရှိမယ်ထင်တယ်"
"နေပါဦး သူက ဘာဖြစ်လို့ လူသတ်တာတဲ့လဲ"
"ကျုပ်တို့လည်း ဘယ်သိပါ့မလဲ၊ အခုထိ စစ်မေးနေတုန်းပဲရှိသေးတာတဲ့"
သံဇကာ ကပ်ထားသည့် ပြတင်းတံခါးဆီမှ
မိုးနှင့်ရောနှောသော လေပြင်းများက
တစ်အိမ်လုံးသို့ တဖြူးဖြူးတိုက်ခတ်နေပြီး
ဆောင်းတွင်းမိုးဟာ ရိုးတွင်းချဉ်ဆီတွေခဲသွားမတက်။" သူများအိမ်လာပြီး သူများအိမ်က
ကိစ္စကို နှစ်ထောင်းအားရပြောနေလိုက်ကြတာများ"အဒေါ်ကြီး၏အပြင်တင်စကားသည်
မီးဖိုခန်းဆီမှ ဖြစ်သည်။
တစ်မနက်စာကုန်သွားသော်လည်း
မည်သို့သော သတင်းအစအနမျှ ထပ်မကြားရ။
ဦးလေးကြီး တစ်ယောက်သာ စခန်းသို့
လိုက်သွားခဲ့ရပြီး ချာတိတ်ကတော့ အဒေါ်ကြီးနှင့်
အိမ်တွင်သာ ကျန်ရစ်ခဲ့ရသည်။"နေပါဦးဟယ် လူသတ်လက်နက်ကရော ဘာတဲ့လဲ "
"ခေါက်ဓါး လို့ပြောတာပဲ ၊အရင်ဆုံးနောက်စိကို
တုတ်နဲ့ချောင်းရိုက်ပြီးမှ ဓါးနဲ့ လည်ပင်းကို ရက်ရက်စက်စက်ဇိမ်ပြေနပြေ ထိုင်လှီးသွားတာတဲ့ ""အမလေး ဘုရားရေ "
တစ်ညလုံး မအိပ်စက်ခဲ့ရ၍ တစ်လှပ်လှပ်
ဖြစ်နေသောရင်ဘက်ကိုဖိကိုင်၍
ပြုံးရယ်လိုက်လေတိုင်း မှိတ်ကျသွား
တတ်သော မျက်လုံးအစုံတို့သည်
မပြုံးရယ်ပါဘဲ မှိတ်ကျသွားတော့၏။
မကြားရဲသော စကားတို့အတွက်နားပိတ်ရမည့်
အစား မျက်လုံးတွေသည်သာမှိတ်လျက်သား။"ဟုတ်တယ် ဟိုလူ့ ခေါက်ဓားကိုရှာရမယ်"
တစ်ခုခုကိုမသိရမချင်း သက်ပြင်းတောင်
မချနိုင်သည့် အခြေအနေတွင်
ခြေပစ်လက်ပစ်ထိုင်ငိုင်နေဖို့မဖြစ်ချေတော့။
အိမ်အပေါ်ထပ်ဆီသို့ ဝရုန်းသုန်းကားပြေးတက်သွား၍
ဓါးပါသည့် ခါးပတ်ကိုလိုက်လံရှာဖွေသည်။
အဝတ်ဗီဒို တစ်ခုလုံး မွစာကြဲပြီးသွားသောအခါ
၌ ပစ်မှတ်ထားရာ ခါးပတ်ကိုရှာတွေ့ခဲ့သည်။
သို့ရာတွင်ခါးပတ်ခေါင်း၌ ဓါးမရှိ။
YOU ARE READING
If(The Story of V)
Fiksi Penggemarအကယ်၍များ ဝတ်လွှာစိမ်းနှင့် ပန်းနှင်းဆီတွေကိုသာ မမြတ်နိုးခဲ့မိဘူး ဆိုပါလျှင်