"နှင်းဆီပင်တွေ ကိုသဘောကျလို့လား"နောက်ကျောဘက်ဆီမှအသံကြောင့်
လှည့်ကြည့်မိသည့်အခါခြံပိုင်ရှင်
အမျိုးသားဖြစ်နေသည်။
နေရောင်ခြည်ကောင်းမွန်စွာ မရရှိသော
တောအုပ်ကလေးထဲတွင် ထိုအမျိူးသား၏
အပြုံး သည် နေရောင်ခြည်နွေးနွေးကလေးနှင့်
တူသည်။ထယ်ယောင်းသည်
ထိုကဲ့သို့ ခံစားချက်ကို ရရှိလိုက်ပါ၏။"ဟုတ်ကဲ့ သဘောကျပါတယ်"
"ဒါက အနီတွေချည်း သီးသန့်စိုက်
ထားတာလေ ၊ ဟိုဘက်မှာတော့
အရောင်စုံစိုက်ထားတာရှိတယ်""ကျွန်တော် သွားကြည့်လို့ ရနိုင်မလား"
"ရတာပေါ့၊လာလိုက်ခဲ့၊ အစ်ကို ပြပေးမယ် "
အမှန်အတကယ်ပင်ရောင်အသွေးစုံလင်လှသော
နှင်းဆီအမျိုးအစားပေါင်းမြောက်များစွာက
ထယ်ယောင်း၏စိတ်အာရုံကိုဖမ်းစားလိုက်၏။
မှုန်မှိုင်းသောမျက်ဝန်းကလေးများအား
ငေးကနဲ ဖြစ်သွားစေသည်။
ထုံသင်းသည့် ရနံ့ကဦးခေါင်ဝေဒနာ၏လက်ကျန်ကိုက်ခဲမူ့ကိုကုသပေးနိုင်လိုက်ပါသည်။စိတ်ကလေး အေးချမ်းသွား၍ထင်၊နှင်းဆီတွေကို အနီးကပ်ထိတွေ့ခွင့်ရလိုက်၍ထင်သိသိသာသာကို ခေါင်းတစ်ခုလုံးပေါ့ဆင်းသွားသည်။
"အစ်ကိုနာမည် ဂျောင်ဟိုဆော့ပါ "
"ဟုတ်ကဲ့ စောစောကကြားလိုက်ပါတယ်၊
အစ်ကိုဂျင်း မိတ်ဆက်ပေးတုန်းကလေ""အင်းနော် ဟုတ်သားပဲ ၊ဒီက ညီလေးရဲ့
နာမည်က ကင်ထယ်ယောင်းနော် ""ဟုတ်ကဲ့ "
"ထယ်လို့ ခေါ်မယ်လေ အဆင်ပြေလား"
"ဟုတ် ပြေပါတယ်၊ တော်တော်များများလည်း ထယ်လို့ပဲ ခေါ်ကြပါတယ် "
"ဟုတ်ပါပြီ၊နှင်းဆီတွေကိုသဘောကျရင်
ဒီခြံဆီ
မကြာခဏ အလည်လာခဲ့ နော်ထယ် "အကိုဆော့၏ ကြိုဆို၊နှုတ်ဆက်စကားသည် ထယ်ယောင်း အသိဉာဏ်တွင်စွဲထင်ကျန်ရစ်သွားသည်။
လောကကြီးတွင် အစ်ကိုယွန်ဂီပြီးလျှင်
သူ့အပေါ် မည်သူမှ မကောင်းဟု
ထင်ထား သော်လည်း ဤအရပ်သို့
ရောက်သည့်အခါမှ
သူ့အတွေးတွေ
ရာနှုန်းပြည့် မမှန်ကန်ခဲ့ကြောင်းသိခဲ့ရသည်။
YOU ARE READING
If(The Story of V)
Fanfictionအကယ်၍များ ဝတ်လွှာစိမ်းနှင့် ပန်းနှင်းဆီတွေကိုသာ မမြတ်နိုးခဲ့မိဘူး ဆိုပါလျှင်