ဝမ်ယန်းယန်းဟာ မြေးဖြစ်သူရဲ့ မင်္ဂလာကိစ္စကို
စီစဥ်ချင်သူမို့ ယခုလည်းပဲ ရှောင်းအိမ်တော်ဆီသူမ
ရောက်လာတော့သည်။"တွေ့များတွေ့ပါ့မလားလို့ ရှောင်းချန်းရယ်..."
"aww..အမ ဝမ်ယန်းယန်းပါလား အစောကြီးရောက်ချလာတော့ ကျွန်မက မမှတ်မိသလိုဖြစ်သွားတာ စိတ်မဆိုးနဲ့နော်အမ။"
"ရပါတယ်.. ငါက အရေးတကြီး လာခဲ့ရတာကိုး
အပြစ်မယူသလို စိတ်လည်းမဆိုးနိုင်ပါဘူး။""ကောင်းပါပြီရှင်..ဒါနဲ့အမ ဘာများသုံးဆောင်မလဲ
အိမ်တော်ထိန်းကြီးကို ယူခိုင်းမလို့ပါ။""ငါ အကြမ်းရည်ကောင်းကောင်းလေးပဲသောက်ချင်တယ် ရှောင်းချန်းရယ်။"
"ဟုတ်ကဲ့အမ..ယူလာခိုင်းလိုက်မယ်နော်
ကျွန်မတို့အခု ပန်းခြံထဲသွားရအောင် လေကောင်းလေသန့်လေး ခံရင်းနဲ့အမရဲ့ လာရင်းကိစ္စလေး ပြောကြရအောင်။""အေး..အေး ရှောင်းချန်း သွားကြတာပေါ့။"
ဝမ်အိမ်တော်တွင် ကျန်ရစ်ခဲ့သည့် ဝမ်ရိပေါ်နဲ့ရှောင်ကျန့်မှာ ရန်ဖြစ်နေခဲ့ပြီး..
"ငါ့ကိုလွှတ်.. ဝမ်ရိပေါ်။"
"မလွှတ်နိုင်ဘူး..ကျန့်ကျန့်။"
"လွှတ်ဆို..ငါ့ကိုအခုလွှတ်ပေး ငါအိမ်ပြန်ရမယ်။"
"ဒါကမင်းရဲ့လင်ပိုင်တဲ့အိမ်မဟုတ်လို့လား ရှောင်ကျန့်ရ။မင်းကဘယ်ကိုပြန်ဦးမလို့လည်း။"
"မင်း..."
"အဟက်..ငါကမင်းရဲ့လင်လေ..မကြာခင်မှာ မင်းကငါ့အပိုင်ဖြစ်ကိုဖြစ်လာစေရမယ် ရှောင်ကျန့်။"
"မဟုတ်ဘူး.. မဖြစ်နိုင်ဘူး..ဝမ်ရိပေါ်။
ငါမင်းနဲ့လက်မထပ်နိုင်သလို လက်လည်းခံမှာမဟုတ်ဘူး။""ဒါဆိုရင်.. ဒီဗိုက်ထဲက ကလေးကရော ရှောင်ကျန့်"
"ငါမပြောတတ်ဘူး.."
"ရမလား..သူကငါ့ရဲ့သွေးသား မင်းမွေးပေးရမယ်
ရှင်းလား။""ငါမလုပ်နိုင်ဘူး... မလုပ်နိုင်ဘူးဆို။"
''လုပ်ရမယ်..ငါ့ကိုမုန်းနေတယ်ဆိုရင်တောင်မှ
သူ့မှာအပြစ်မရှိဘူး..ရှောင်ကျန့်။''
YOU ARE READING
It's you
Short Storyမတူညီတဲ့အချိုးအကွေ့တွေမှာ မတူညီတဲ့ဘဝတွေတည်ရှိပြန်တယ်။ တချို့ကအချစ်ကို အမုန်းလို့ခေါင်းစဥ်တပ်ကြသလို.. တချို့ကအချစ်ကိုဖြေဆေးမဲ့ အဆိပ်လို့ခေါ်ကြပြန်တယ်။