''ခစ်ခစ်ခစ်... ဟားဟား ရယ်ရတယ်မဟုတ်လား ဝမ်။''
''ကျန့်ကော ရုပ်တည်ကြီးနဲ့လူကိုလန့်ပြီးသေအောင်လုပ်တယ် ကျွန်တော် တကယ်လန့်သွားတာ။''
မျက်နှာအရောင် ခပ်မှိန်မှိန်နဲ့သာ ရှောင်းကျန့်အား သူလန့်သွားတဲ့အကြောင်းပြောနေတဲ့ရိပေါ်ရယ်ပါ။
''ကောတောင်းပန်ပါတယ်ကွာ အရမ်းလန့်သွားတာလား။''
''ဟုတ်တယ်...နောက်တခါဒီလိုထပ်မစပါနဲ့ကျန့်ကော ဝမ်လေးသေလိမ့်မယ်ထင်တယ်။''
''စိတ်မဆိုးနဲ့...မွ စိတ်ဆိုးပြေပေး။''
''ကောကအရမ်းလည်တာပဲ ဒီအတိုင်းဆိုရင်
ဝမ်ရိပေါ်ဆိုတဲ့ ကျွန်တော်ကတော့ နှလုံးရောဂါရဖို့နီးစပ်လာပြီထင်ပါရဲ့။''''ဟွန့်...အပိုတွေ ငါ့ယောကျာ်းကိုငါက
ဒီလိုခံစားချက်တွေတောင်ပေးပိုင်ခွင့်မရှိဘူးလား။ဝမ်ရိပေါ်..မင်းအသစ်တွေ့နေပြီလား ပြောစမ်း။''ရိပေါ်ရဲ့နားရွက်ကိုလိမ်ဆွဲပြီးပြန်ရစ်နေတဲ့ရှောင်းကျန့်ကြောင့်..
''အာ..မဟုတ်တာတွေစပြီကြည့် ကျန့်ကောပဲရှိတာလေ ဝမ်ရိပေါ်ချစ်တာကျန့်ကောမို့
သားက လောကထဲတောင်ခြေချနေပြီလေ
ဒါကို ကောကသံသယတွေဝင်နေပြန်ပြီ။''''ဝမ်ရိပေါ်..ငါပြောမဲ့စကားကို.မြဲမြဲမှတ်ထား။''
''ဟုတ်ကဲ့ဗျ..မိန့်တော်မူပါ လောင်ဖော''
''ဒီလောကကြီးထဲမှာ
မတူညီတဲ့အချိုးအကွေ့တွေနဲ့
မတူညီတဲ့ဘဝတွေတည်ရှိပြန်တယ်။
တချို့ကအချစ်ကို အမုန်းလို့ခေါင်းစဥ်တပ်ကြသလို..
တချို့ကအချစ်ကိုဖြေဆေးမဲ့ အဆိပ်လို့ခေါ်ကြပြန်တယ်။
မင်းကရော..ဘယ်လိုသတ်မှတ်ထားသလဲ။''''ဝမ်ရိပေါ်ရဲ့ အချစ်က ကျန့်ကောလေ...''
''ဝမ်..ရိ..ပေါ်..''
''ဟီးဟီး.. ချစ်လို့စတာကို ကောကစိတ်ကြီးပဲ။''
''အင်း''
''အချစ်အကြောင်းကို ဒသနတွေနဲ့မပြောတတ်ပေမဲ့ ကျွန်တော့်ရဲ့ဘဝမှာ အချစ်ဆိုတဲ့အရာကို နှလုံးသားရဲ့ရွေးချယ်ခြင်းလို့ပဲ
ယုံကြည်ထားတယ်။ပြီးတော့ မူပိုင်ခွင့်နဲ့
အဲ့ဒီလူကိုပဲ သစ္စာရှိရှိ ချစ်ပေးပြီးသူ့ကို
အမြဲတမ်း ချစ်စကားတွေပြောနေရမယ်လို့
သတ်မှတ်ထားတယ်။သူကောင်းကောင်း..
မကောင်းကောင်း ဝမ်အတွက် ချစ်ပေးရမှာပဲ ဆိုးရင်ခံကောင်းရင်စံပေါ့။ဝမ်ကတော့ ကောကလွဲရင်စိတ်မဝင်စားဘူး။''
YOU ARE READING
It's you
Short Storyမတူညီတဲ့အချိုးအကွေ့တွေမှာ မတူညီတဲ့ဘဝတွေတည်ရှိပြန်တယ်။ တချို့ကအချစ်ကို အမုန်းလို့ခေါင်းစဥ်တပ်ကြသလို.. တချို့ကအချစ်ကိုဖြေဆေးမဲ့ အဆိပ်လို့ခေါ်ကြပြန်တယ်။