par(8)

193 16 0
                                    

wang group ရဲ့ရုံးချုပ်တွင် ယခုအခါမှာ လီကျင်းယုံတစ်ယောက် သူ့အိမ်သူ့ယာလို ဝင်ထွက်သွားလာနေသည်မှာ တစ်လပင်ရှိပြီ။
အကြောင်းကတော့ လုပ်ငန်းကိစ္စနဲ့ပက်သက်ပြီး
လေ့လာသင်ကြားရေးကို ခုတုံးလုပ်၍ ထိုသို့သွားလာနေခြင်းပဲ။

ဝမ်ရိပေါ်ကသူ့ရဲ့အလုပ်ရုံးခန်းထဲသို့ သူမကိုလာခွင့်မပြုပေမဲ့ လုပ်ငန်းကိစ္စနဲ့ပက်သက်ရင်တော့
သူ့ရဲ့ company ထဲမှာနေရာအစုံ ဌာနအစုံကိုသူမအားသွားခွင့်ပေးထားလေတယ်။

ပြသနာကအဲ့မှာစတာပဲ ဝမ်ရိပေါ်တစ်ယောက်
သူ့ရုံးခန်းနဲ့ဆေးရုံကိုသာ အပြေးအလွှားအချိန်လုယက်သွားလာနေရသဖြင့် သူ့ company
တွင်ဖြစ်ပွားနေသည့် ပြသနာကိုတော့ မသိခဲ့ပေ။

လီကျင်းယုံက ဌာနအသီးသီးမှာ နေရာဝင်ယူပြီး
သူမက wang group ရဲ့အနာဂတ်ဇနီးလောင်းဟူသည့် စကားဖြင့်ချုပ်ကိုင်ထားပြီး
​ခြယ်လှယ်ခြင်းများပြုလုပ်လာတော့သည်။

ဝမ်ရိပေါ်ရဲ့အတွင်းရေးမှူးမလေးကတော့ လီကျင်းယုံအား ခဏခဏ သတိပေးစကားပြောခဲ့ပေမဲ့ သူမဘက်ကတော့ ဂရုပင်မစိုက်ခဲ့ပြန်။
ရှေ့သို့သာ တိုးတိုးလာမြဲ...

''မဒမ်လီ..ရှင့်ကိုဒီလိုသတိပေးစကားတွေကို ကျွန်မဘက်က ခဏခဏ သတိပေးစကားပြောယုံမကဘူး ရှင့်လုပ်ရပ်တွေကိုရပ်တန့်ဖို့အထိပါ ကျွန်မဘက်ကသတိပေးခဲ့ပြီးပြီလို့ထင်ပါတယ်နော်။
ကျွန်မရဲ့ boss သာဒီကိစ္စကိုအကြောင်းစုံသိသွားခဲ့ရင် ရှင့်ရဲ့ဝင်လေထွက်လေက ဒီနေ့မှာနောက်ဆုံးရှူခြင်းဖြစ်သွားလိမ့်မယ်။
အရင်ကရှင်နဲ့bossကဘယ်လိုပဲပက်သက်ခဲ့ပက်သက်ခဲ့ပါ
ကျွန်မရဲ့bossက အခုဆိုရင် သူ့အိမ်ထောင်ရေးနဲ့သူဖြစ်နေတာကြာပါပြီ။ အခုဆိုရင် ကလေးအဖေတောင်ဖြစ်နေပြီရှင့်။
သူများအိမ်ထောင်ရေးကို ရှင်ဘာလို့ဝင်စွက်ဖက်ချင်နေပါလိမ့်နော်။''

''အံ့မယ်..ကျွန်လို ကောင်မကများရာရာစစ
ငါ့ကိုတရားချလို့ပြီးရင် မင်းအခုချက်ချင်းထွက်သွားလိုက် ငါ့ရှေ့မှာထပ်မပေါ်လာခဲ့နဲ့။''

''ထွက်သွားရမှာကရှင်..ကျွန်မမဟုတ်ဘူးထင်တယ်။နောက်ပြီးတော့..
ကျွန်မနာမည်ရှစ်အယ်...ကျွန်မဟုတ်ဘူး။
သြော်မေ့နေတာ ပြောဖို့လေ..ရှင်က ကပ်ပါးမိစ္ဆာမပဲသိလား ဘယ်လောက်အသိပေးပေး အရေထူချက်က လက်ကုန်ပဲမို့ မကြာခင်မှာရှင့်နေရာရှင်သိရလိမ့်မယ် အဟက်။အဲ့ကျရင်ခုလိုမျိုးပဲ ခေါင်းဆက်မာနိုင်ပါစေနော် စောင့်ကြည့်နေမယ်။''

It's youWhere stories live. Discover now