par(4)uni

311 14 2
                                    

"ငါ့ကိုလွှတ်ပေးပါ..ဝမ်ရိပေါ် ငါဒီအခန်းထဲမှာမနေချင်ဘူး။ငါအရမ်း...ကြောက်လို့ပါ။"

"ရှောင်ကျန့်...သဘောတူစာချုပ်မှာလက်မှတ်ထိုးပေးရင် လွှတ်ပေးမယ်။"

"ငါကဘာလုပ်နိုင်လို့လဲ ဝမ်ရိပေါ်...အခုငါအရမ်းကြောက်လို့ တောင်းဆိုနေတာပါ ငါ့ကိုအပြင်ထုတ်ပေးပါ။"

ငိုသံခပ်ရှရှလေးကြောင့် ရိပေါ် သူ့ရဲ့ရင်ထဲစူးနစ်သွားရပြန်တယ်။
ရှောင်ကျန့်ဆိုတဲ့လူသားလေးက ခပ်ဆိုးဆိုးလေးမို့
အခုလိုနည်းလမ်းမကျတာသိသိကြီးနဲ့ အပြစ်ပေးထားမိတဲ့ သူ့ကိုယ်သူလည်းပဲရိပေါ်စိတ်ပျက်မိလေတယ်။

"မင်းဘက်ကသဘောတူပြီလား...ရှောင်ကျန့်။"

"ငါ့ညီမလေးရော ဝမ်ရိပေါ်...
သူမကိုပွန်းရာနည်းနည်းလေးတောင်မရှိစေနဲ့ မဟုတ်ရင် ငါ့ကိုယ်ငါသတ်သေပစ်လိုက်မယ်မှတ်။"

"သူမရှိတယ်...ကျွန်တော်ဘာမှထိခိုက်အောင်မလုပ်ထားဘူးရှောင်ကျန့်ရ။"

"ကောင်းပြီ ငါစာချုပ်မှာ လက်မှတ်ထိုးပေးမယ်
မင်းကျေနပ်ရဲ့လားရိပေါ်။"

"ok..လေ "

'အဓိကက ခင်ဗျားလေးကျုပ်အနားရှိနေဖို့ပဲ ရှောင်ကျန့်ရ..'

ဒီစကားလုံးတွေကိုတော့ ရိပေါ်သူ့စိတ်ထဲမှာပဲရေရွတ်မိလိုက်တယ်။
လက်ရှိမှာမူ စာချုပ်နဲ့အတူအခန်းလေးထဲဝင်ရောက်သွားတဲ့ သူ။

"ငါ့ဘက်ကပြောစရာရှိတယ်ဝမ်ရိပေါ်။"

"ပြောလေ...ရတယ်"

"ဒီကိုယ်ဝန်ကမင်းရဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုရင်ရော"

"ပတ်မနေနဲ့...ခင်ဗျားလေးရဲ့ ပက်သက်ခဲ့ဖူးသူဆိုလို့လက်ချိုးရေလို့တောင် မရှိပြန်ဘူးလေ ဒီတော့
ဝမ်ရိပေါ်ရဲ့သွေးသားကပဲ ခင်ဗျားလေးဆီမှာရှိနေနိုင်တာမဆန်းဘူး ခင်ဗျားက ကျုပ်ရဲ့..."

"ငါကဘာလဲ.."

"ကျုပ်ရဲ့လောင်ဖော"

........စွံ့အ

"ခေါင်းမမာပဲနဲ့ ကျုပ်ရဲ့အချစ်တွေအောက်မှာ ပျော်ပျော်ကြီးခိုဝင်လိုက်စမ်းပါ ခင်ဗျားလေးအတွက်
ဒီလူက လောကရဲ့အချစ်တတ်ဆုံးလောင်ကုန်းဖြစ်စေရမယ်လို့ ကတိပေးတယ်။"

It's youWhere stories live. Discover now