par(9)

190 14 2
                                    

1 week latter...

wang group ၏ Ceo ရုံးခန်းထဲဝယ်...တိတ်ဆိတ်နေသည့်လေထုအားဦးစွာဖြိုခွင်းလာသူက ဝမ်ရိပေါ်ပေ။

သူ၏ရှေ့ဝယ်အဝတ်အစားလော်လီရှပ်ပေါ်ဝတ်ဆင်ထားပြီး မထီမဲ့မြင်ထိုင်နေသည့်
မိန်းကလေးတစ်ဦးလည်းရှိလေသည်။
အဝါရောင်ကိုယ်ကျပ်အင်ကျီကိုလည်ပင်းခပ်ဟိုက်ဟိုက်ဝတ်ဆင်ထားသည့် သူ(မ)
အား ဝမ်ရိပေါ်မှာစိတ်ပျက်စွာဖြင့်သာ မျက်နှာလွှဲကာ..

''မင်းဘာအချိုးချိုးနေတာလဲ လီကျင်းယုံ။''

''အိုဟိုးး..အချိုးတဲ့လား မမိုက်လိုက်တာဝမ်ရာ။
ဝမ်ကရော တို့ကိုမချစ်တော့ဘူးလား။အရင်ကပြောတော့ တို့ကဝမ်ရဲ့ အရာရာပါဆို။မထင်ရဘူးနော် ဟိုကောင်ကြောင့်
အဖြောင့်ကြီးကနေ ကွေးသွားလိုက်တာပြန်တောင်မဆန့်တော့ပါလားရှင်။''

''မင်းစောက်ပူပါလို့လား..ဒါငါ့ကိစ္စ
မင်းနဲ့ဘာပက်သက်မှု့မှမရှိဘူး နေရာတကာဝင်မပါနဲ့ကိုယ့်နေရာကိုယ်သိ။''

''အဟက်...မထင်ရဘူးပဲ။အခု ဒီရုံးခန်းထဲကနေရှင့်ကိုကန်ထုတ်လိုက်လို့ရတယ်ဆိုတာ မမေ့လိုက်နဲ့အုံး။''

''မင်းအဆင့်လောက်နဲ့ငါ့ကိုချုပ်ကိုင်ချင်နေတာလား လီကျင်းယုံ။
မြဲမြဲမှတ်ထား... မင်းသာအရှက်မကွဲစေချင်ရင်ငါ့ရုံးခန်းထဲကနေချက်ချင်းထွက်သွားလိုက် အရှက်မရှိတဲ့မိန်းမယုတ်မ။''

''ဘာ!!...ဟုတ်တယ် အဲ့ဒီ
အရှက်မရှိတဲ့ ကျွန်မကလေ အရင်ကရှင်ချစ်ခဲ့တဲ့လူပဲ ''

''နားကန်းနေလို့လား...ထွက်သွား။နောက်ဘယ်သောအခါမှ ငါ့မိသားစုကို လာမထိမိစေနဲ့ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ။''

''ကျွန်မကဘယ်သောအခါမှနောက်မဆုတ်ဘူးဝမ်။ရှင်နဲ့ပက်သက်လာရင် ကျွန်မကသာ... ရှင့်ကိုပိုင်ဆိုင်သင့်တာ။''

''မဆီလျော်လိုက်တာ..ထွက်သွားစမ်း။''

''ရှစ်အယ် သူ့ကိုငါ့အခန်းထဲကဆွဲထုတ်သွားစမ်း။''

''ဟုတ်ကဲ့..boss''

''သြော်..နေဦး ပြီးရင် ငါ့ရုံးခန်းကို သန့်ရှင်းနေအောင် သေချာရှင်းလိုက် အနံ့အသက်တွေကဆိုးလွန်းတယ်။ ရွံဖို့ကောင်းတဲ့အငွေ့အသက်တွေကျန်နေမှာစိုးလို့။''

It's youWhere stories live. Discover now