နိုးလာတဲ့သားဖြစ်သူကိုချီရင်း ရှောင်းကျန့်
ကလေးကိုနို့တိုက်ဖို့ပြင်ဆင်တော့တယ်။''ဝမ်လည်း
စို့ချင်တယ် နည်းနည်းလောက်မတိုက်ချင်ဘူးလား ကျန့်ကျန့်။''ရုပ်တည်ကြီးနဲ့မေးလာတဲ့ရိပေါ်ကို
ရှောင်းကျန့် ရွဲ့ချင်လာတာကြောင့်..''သွားဖျော်သောက်လေ..မင်းအပိုင်မဟုတ်ဘူးဒါက ငါ့သားအပိုင်။''
''ရော်...ကျန့်ကျန့်ကလောင်ဝမ်အပိုင်လေ
ဒါကြောင့် ကျန့်ကျန့်ပိုင်သမျှလောင်ဝမ်နဲ့သက်ဆိုင်တယ်။''သူ့အား မခံချင်အောင်ပြန်ပြောလာတဲ့ရိပေါ်ကြောင့်..
''မင်းဘာဖြစ်နေတာလဲဝမ်ရိပေါ်..ကလေးစို့နေတဲ့နို့ကိုတောင်လုနေမိတာ မရှက်ဘူးလားဟမ်း ဖအေကဖအေလိုနေနော် ကလေးနဲ့ပြိုင်နေတာ မမောနိုင်မပမ်းနိုင်
ငါသေချင်တော့တယ်နော်။''ရှောင်းကျန့်ရဲ့နို့တဖက်ကိုစို့ပြီးကျန်နို့တဖက်ကို သူ့လက်ဝါးသေးသေးလေးနဲ့အုပ်ကာထားသည့် ယွင်ဝမ်လေးကြောင့်
ဝမ်ရိပေါ်မှာ ခပ်ဟဟရယ်နေပြန်သည်။''ဟားဟား.. ဟ''
'ဥစ္စာခြောက်နေပြန်ပြီ'
''ဘာရယ်တာလဲ..ဟွန့်''
နည်းနည်းလောက်စလိုက်မိပါတယ် သူ့ကိုသားဖနှစ်ယောက်လုံးကရန်ပြန်တွေ့နေတော့ ရယ်ချင်တာတောင်မရယ်နိုင်တဲ့အဖြစ်ပါ။
''ဘာမှမဟုတ်ဘူး''
အဲ့ဒီနောက်ပါးစပ်ကိုပိတ်၍ အလုပ်ထဲကိုသာအာရုံပြန်စိုက်ပြီး မပြီးပြတ်သေးသောတာဝန်တို့နဲ့နှစ်ပါးသွားရတဲ့ဝမ်ရိပေါ်။
ငါးမိနစ်ခန့်ကြာလာတော့...
''လောင်ဝမ် ညနေစောစောပြန်ခဲ့နော်
ကောတို့ပြန်တော့မယ်။''''အာ.ထပ်ပြီး
မနေတော့ဘူးလား...ဝမ်အလုပ်နည်းနည်းရှုတ်နေလို့လိုက်မပို့တော့ဘူးနော်
ကျန့်ကော။''''ရတယ် ငါကလေးမဟုတ်ဘူးဝမ်ရိပေါ်။''
''သိပါတယ်ဗျာ..''
ပြုံးစိစိနဲ့ခေါင်းခါပြလာတဲ့ရိပေါ်ကြောင့်ရှောင်းကျန့်မှာ မျက်စောင်းကြီးဖြင့်အံကြိတ်ကာ..
YOU ARE READING
It's you
Short Storyမတူညီတဲ့အချိုးအကွေ့တွေမှာ မတူညီတဲ့ဘဝတွေတည်ရှိပြန်တယ်။ တချို့ကအချစ်ကို အမုန်းလို့ခေါင်းစဥ်တပ်ကြသလို.. တချို့ကအချစ်ကိုဖြေဆေးမဲ့ အဆိပ်လို့ခေါ်ကြပြန်တယ်။