အခု မျက်လုံးကိုအားယူပြီးဖွင့်ကြည့်နေပေမဲ့ ရှောင်ကျန့်ရဲ့ မျက်ဝန်းတွေကလေးလံနေဆဲပဲလေ။
သူ့နားထဲကြားနေရသည့် အသံများမှာ နံရံပေါ်တွင်
ရွေ့လျားနေသည့် နာရီ၏လက်တံရွေးလျားခြင်းပဲဖြစ်သည်။ချက်ချက်..ချက်ချက်..ချက်ချက်..ဟူသည့်အသံသာ သူ့နားထဲကြားနေရသည်။
''ကျွီးးး...''
''ဂျက်...''
တံခါးဖွင့်ဝင်လာပြီးနောက်..တံခါးအားသေချာပြန်ပိတ်ခဲ့သည့်အသံ..
''နှစ်ရက်ရှိပြီ ကျန့်ကျန့်...မင်းသတိပြန်ရသင့်နေပြီ
ကိုယ်မင်းကို အရမ်းစိတ်ပူနေတာကိုရော မင်းသိရဲ့လားကွာ။''ထိုသို့ပြောပြီးနောက်...
ရေဇလုံထဲသို့အဝတ်သန့်သန့်တစ်ခုကိုနှစ်ပြီး
ရေသေချာပြန်ညှစ်ကာ ရိပေါ် ရှောင်ကျန့်ရဲ့လက်ဖမိုးလေးမှစ၍ ရေပတ်တိုက်ပေးနေခြင်းပါ။အေးစက်တဲ့ အဝတ်စိုစိုရဲ့အထိအတွေ့ကြောင့်..
ရှောင်ကျန့်မှာ အစပိုင်းမှာ လန့်သွားမိပေမဲ့..
အသံတော့မထွက်ခဲ့ပေ။"ခင်ဗျားလေးကအရမ်းခေါင်းမာတယ်..ကျန့်ကျန့်။
ဘာလို့ ဝမ့်ကိုမချစ်နိုင်ရတာလဲ။ငယ်ငယ်ကတည်းက ဝမ်ဆိုတာက ခင်ဗျားလေးကိုပဲ ချစ်ခဲ့ဖူးတဲ့လူပါဗျ။
ခင်ဗျားလေး အိမ်တော်ကထွက်ပြေးခဲ့စဥ်ကတည်းက နေ့တိုင်းရှာဖွေနေရတာကိုရော ခင်ဗျားလေးကသိပါ့မလား။
ပြီးတော့... စေ့စပ်ပွဲက ဝမ်နဲ့စေ့စပ်တာမဟုတ်ဘူး
ဝမ်ရဲ့ဝမ်းကွဲ အမနဲ့ခင်ဗျားလေးရဲ့ဝမ်းကွဲအကိုနဲ့ကို
လူကြီးတွေက စီစဥ်ပေးခဲ့ကြတာ။
ခင်ဗျားလေးကအထင်လွဲပြီးအိမ်တော်ကနေထွက်ပြေးသွားခဲ့တာ..အရူးလေးပဲ။
အဟက်..အသည်းမာလှတဲ့ ခင်ဗျားလေးကြောင့်
ဒီလူမှာရူးမတတ် ဖြစ်နေရပြီနော်။
ဘယ်လိုလုပ်ရမလဲ... မကြာတော့တဲ့အချိန်မှာ
ခင်ဗျားလေးရဲ့ကိုယ်ပွားက လောကထဲရောက်လာရတော့မှာမို့ တွေးကြည့်ရင်းနဲ့ ဝမ်းသာမိတယ်။
စိတ်ချပါ..ခင်ဗျားလေးမချစ်နိုင်လဲနေ ဝမ်ဆိုတာက ခင်ဗျားမှခင်ဗျားဖြစ်နေစေရမယ်..ရှောင်ကျန့်ရ။ခင်ဗျားက..ဝမ်ရိပေါ်ရဲ့အပိုင်ပဲဖြစ်စေရမယ်။"သူ့အနားမှာနေပြီးသူ့ကိုဘယ်လိုပဲပိုင်ဆိုင်ရပိုင်ဆိုင်ရ ပြောနေတဲ့ ဒီအချစ်ရူးသမားကြီးကို ရှောင်ကျန့်
ရိုက်နှက်ပစ်ချင်သည်အထိ စိတ်ဆိုးနေမိတာတော့အမှန်ပင်။
သူ့ကိုလည်းရှာနေတယ်ပြောပြီး..ဟိုအစစ်မနဲ့ ရှုတ်ထားတဲ့ပြသနာကကြ ခွင့်လွှတ်ချင်စရာကြီး..
မသိဘူး..ဝမ်ရိပေါ်ကို မုန်းတာပဲသိတယ်။
YOU ARE READING
It's you
Short Storyမတူညီတဲ့အချိုးအကွေ့တွေမှာ မတူညီတဲ့ဘဝတွေတည်ရှိပြန်တယ်။ တချို့ကအချစ်ကို အမုန်းလို့ခေါင်းစဥ်တပ်ကြသလို.. တချို့ကအချစ်ကိုဖြေဆေးမဲ့ အဆိပ်လို့ခေါ်ကြပြန်တယ်။