ယနေ့တွင် wang လုပ်ငန်းစု၏နှစ်သုံးဆယ် နှစ်ပတ်လည်နေ့သို့ရောက်ရှိလာပြီဖြစ်သည်။
(Tn/ယခင်ဟန်နာမည်ဖြင့်ပါနှစ်အား ထည့်ပေါင်းထားခြင်းဖြစ်သည်။)
''လူကြီး ကျန့်ကျန့်က လိုက်ရဦးမှာလား။''
''အင်း...ကျန့်သာကိုယ်နဲ့အတူလိုက်ခဲ့ရင် လုပ်အားခပိုတိုးပေးမယ်။''
''ကျန့်ကလိုက်ချင်ပါတယ် ဒါပေမဲ့ လူကြီးသိလား
ကျန့်ဝတ်ဖို့အင်ကျီက အဆင်မပြေဘူး။ဘယ်လိုလုပ်ရမလဲစဥ်းစားနေတာ။''''ဒီလိုလုပ်လိုက်
အဆင်ပြေအောင်ကိုယ်စီစဥ်ပေးမယ်။''မျက်လုံးအရောင်တောက်ပသွားတဲ့ကောင်လေးက
''တကယ်ကြီးလား လူကြီး။''''အင်းလေ.. မပျော်ဘူးလားကျန့်ကျန့်က။''
''ပျော်တာပေါ့.. ဒါပေမဲ့ ဒီဗိုက်ကြီးနဲ့ကသွားလို့ရပါ့မလား အဲ့ဒီနေရာကိုလေ။''
''ရတာပေါ့ ကျန့်လေးရဲ့... စိတ်မပူနဲ့နော်ကိုယ်တစ်ယောက်လုံးမင်းဘေးနားမှာ ရှိနေမှာမို့ တွေးပူမနေပါနဲ့လားကွာ။အဆင်ပြေစေရမယ်''
''အင်း...ဒါဆိုရင်ကျန့်ကျန့်ကို အင်ကျီဝတ်ပေးဦးလူကြီး။''
''okပါဗျာ..ကျန့်ကျန့်လေး ဘာအရောင်သဘောကျသလဲ ရွေးလိုက်ပါ။''
''အနီရောင်...''
ရှောင်းကျန့်ရဲ့မျက်လုံးထဲပေါ်လွင်နေသည်က အနီရောင် အင်ကျီကိုမှ သေသေသပ်သပ်ချုပ်လုပ်ပေးထားသည့် နူးညံ့လှသည့် အင်ကျီလေးပင်ဖြစ်သည်။၎င်းတွင်စိန်ပွင့်များဖြင့်အလှဆင်ယင်ထားပြန်သည်။
''ok..ကျန့်။''
နုဖတ်လွန်းတဲ့ယုန်ဖြူလေးရဲ့အသားအရည်လေးပေါ်တွင် အနီရောင်ဝတ်စုံလေးကို ဗိုက်ကြီးသည်အတွက်သီးသန့်ချုပ်လုပ်ပေးထားသည်မို့ ယခုအခါမှာ ရှောင်းကျန့်နဲ့ထိုဝတ်စုံလေးမှာအလွန်ကိုမှလိုက်ဖက်နေတော့သည်။
''လူကြီးကရောအင်ကျီလဲပြီးပြီလားဟင်..''
''ကိုယ်ကပြီးသွားပြီလေ ကျန့်လေးရဲ့။ကိုယ်တို့
သွားကြတော့မလားဟင်။''
YOU ARE READING
It's you
Short Storyမတူညီတဲ့အချိုးအကွေ့တွေမှာ မတူညီတဲ့ဘဝတွေတည်ရှိပြန်တယ်။ တချို့ကအချစ်ကို အမုန်းလို့ခေါင်းစဥ်တပ်ကြသလို.. တချို့ကအချစ်ကိုဖြေဆေးမဲ့ အဆိပ်လို့ခေါ်ကြပြန်တယ်။