ကလပ်တွင် ပျော်ပါးပြီး မနက်9နာရီခွဲမှာ့ အိမ်သို့ပြန်ရောက်ကာ အလုပ်သွားရန်ပြင်ဆင်နေသော မဟူရာဆီသို့ ဖုန်းဝင်လာသည်။
"ဟယ်လို ဒယ်ဒီ"
"မဟူရာ တညလုံးအိမ်ပြန်မအိပ်ပဲ အခုမှာ့ ဘာပြန်လုပ်တာလဲ"
"ဟာ ကြီးလှကတော့ တိုင်ပြန်ပြီ"
"မဟူရာ ဒီပုံစံအတိုင်းဆို ဒယ်ဒီအခုလက်မှတ်စီစဉ်ပေးမယ် ဒယ်ဒီတို့ရှိတဲ့ အဂ်လန်ကိုပဲလာခဲ့တော့"
"မလာချင်ပါဘူး ဒယ်ဒီရာ ဒီမှာပဲနေချင်တာပါဆို"
"နေချင်ပေမဲ့ အဲ့လောက်ဆိုးသွမ်းနေတော့ ဒယ်ဒီတို့လဲ စိတ်မချဘူး။ အားနေ အရက်သောက် ရန်ဖြစ်နဲ့ ကိုက မိန်းကလေးဆိုတာလဲ သတိရဦး"
"ဟုတ်ပါပြီဗျာ အလုပ်ချိန်နောက်ကျနေပြီမို့လို့ ဖုန်းချလိုက်တော့မယ်နော်"
ဒယ်ဒီဆီကအဖြေစကားမကြားရခင် ဖုန်းအရင်ချလိုက်သည်။
ကြီးလှတို့လဲ ချက်ချင်းကို သတင်းပို့တော့တာပဲ။ အောက်ထပ်ရောက်မှာ့ ပြောဦးမယ် အားနေရင် လျောက်တိုင်နေတာ။
"ကြီးလှ ကြီးလှ"
"မမလေးဘာဖြစ်လို့လဲ"
"မဟူရာ ညက အိမ်မပြန်တာကို ဒယ်ဒီ့ဆီဖုန်းဆက်တယ်ဆို"
"သူဌေးကမေးလို့ပါ မမလေး ။
ကြီးလှ တောင်းပန်ပါတယ်နော်""ထားလိုက်တော့ မဟူရာအလုပ်သွားတော့မယ် "
ဒေါသထွက်စေကာမူ ငယ်စဉ်ကတည်းက ကြီးလှ လက်ပေါ်တွင် ကြီးပျင်းလာသူမို့ မပြောရက်ပေ။
မဟူရာမှာ ဒယ်ဒီ အဂ်လန်ခေါ်မည် စိုးသဖြင့် ကျောက်မျက်ရတနာပွဲစား လိုလို၊ကားပွဲစားလိုလိုနှင့် မြန်မာနိုင်ငံတွင်သာ ပတ်ခွေနေလေသည်။
ဒေါ်သက်ထားနွယ် ရုံးခန်းတွင် သီချင်း အေးအေးလေးဖွင့်ကာ မှိန်းနေသည်။
"တီ...တီ....တီ"
"ဟယ်လို ဒေါ်သက်ထားနွယ် ပြောနေပါတယ်"
"ဟယ်လို သက်ထား ငါ ဆွေဆွေလေ မှတ်မိလား"
"ဟယ် ဆွေဆွေ နင်ကလဲ ဖုန်းမဆက်တာတောင်ကြာပြီ"