" အဝင်းရေ လာခဲ့ပါဦးကွယ်"
"ဟုတ်ကဲ့ မမကြီး"
"ဟူဟူလေးကော ဘယ်မှာလဲ"
"အပေါ်ထပ်မှာ အိပ်နေတယ် မမကြီး"
"သွားနိုးလိုက်ပါလား မမကြီးပြောစရာရှိလို့"
အဝင်း အပေါ်ထပ်ရောက်သော်လည်း အိပ်ခန်းထဲတွင် မဟူရာ့အား မတွေ့ခဲ့ပေ။
"မမကြီး မမလေးမဟူရာလေ"
"မထဘူးလား ဒီကလေးတော့ "
"မဟုတ်ဘူးမမလေးမရှိတာ"
"ဘာ! သူဘယ်ကို သွားမှန်းတောင် မသိကြဘူးလား"
"အဝင်းကလေ ဟင်းချက်နေ
တော့ မမလေးအိပ်နေတယ်ထင်ခဲ့တာ""သေချာတယ် ဟိုမိန်းမ အိမ်သွားတာပဲနေမယ်"
မဟူရာ့နောက်ကို လိုက်ရန် အိမ်မှာ့ အမြန်ပြေးထွက်သွားသည်။
"အန်တီခင် စာသင်ရတာမပျင်းဘူးလား"
"မပျင်းပါဘူး ဟူဟူရယ် ကလေးတွေနဲ့ ပျော်စရာကြီး"
"အန်တီခင် မေးစရာရှိလို့"
"မေးလေ ဟူဟူ"
"တီသက်က ဟူဟူကို ဘာလို့နမ်းတာလဲ"
"ဟမ် ဘယ်သူလဲ တီသက်က"
"ဟူဟူရဲ့ မိန်းမကလေ ဟူဟူကိုမချစ်လို့ သူ့ဆီမှာ ထားခဲ့တာ အဲ့တာကို သူက ဟူဟူကို နမ်းတယ်"
"ဟူဟူက မိန်းမရှိတာလား "
"ဟုတ်တယ်လေ ရှိတယ် မိန်းမက ဟူဟူ့ကို မချစ်ဘူးတဲ့"
"အဲ့တာဆို တီသက်နဲ့ဟူဟူက ဘာမှာ့မတော်ဘူးပေါ့"
"ဒါပေါ့ သူ့အိမ်မှာ ဟူဟူမိန်းမရှိတယ်ဆိုပြီး လိမ်ခေါ်ခဲ့တာ"
ထိုအချိန်တွင် ခြံဝန်းမှာ့ ခေါင်းလောင်းသံကြားရသောကြောင့် အန်တီခင် အပြင်ထွက်ကြည့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ မသိဘူး"
"မဟူရာကော သူဘယ်မှာလဲ"
"သူရှိပါတယ်ရှင် ဒါနဲ့ ရှင်ကဘယ်သူလဲ"
"တီသက် ရောက်နေတယ်လို့ ပြောလိုက်ပါ"
"အော် တီသက်ဆိုတာလား"
ခြံတံခါးမဖွင့်ပေးပဲ မဟူရာ့အား သွားခေါ်လိုက်သည်။ထို့နောက် မည်သည့်စကားမှာ့ မပြောပဲ မဟူရာ့လက်ကိုသာ ဆွဲကာ အိမ်သို့ပြန်လာသည်။