ညစာစားပွဲအပြီး အခန်းထဲသို့ပြန်ကာ မဂ်လာဦးညကိုဖြတ်သန်းရပေတော့မည်။ မဂ်လာရှိသောနေ့တွင် အပြုံးမရှိသော အန်တီ့မျက်နှာကြောင့် စိတ်ကသိကအောက်ဖြစ်မိပေသည်။
ရေချိုးကာအပြင်ထွက်လာသော မဟူရာအား
"အရင်နေ့ကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါ့စိတ်မပါပဲဖြစ်ခဲ့တာဆိုတော့ မင်းကို အိမ်ထောင်ဖက်လို့အသိအမှတ်မပြုနိုင်ဘူး"
"အသိအမှတ်မပြုရင်ဝောာင် အန်တီနဲ့မဟူရာ လက်ထပ်ထားတာကိုငြင်းလို့မရဘူး"
"တို့မငြင်းပါဘူး ဒါပေမဲ့ တို့ ခန္ဓာကိုယ်ကို မင်းဒီတစ်သက်ထိခွင့်မရှိဘူး"
"အန်တီက မဟူရာ့မိန်းမပဲ အဲ့လိုလုပ်လို့ရမလား"
ကုတင်ပေါ် တက်ကာ အန်တီ့လက်နှစ်ဖက်အား အပေါ်မှာ့ ချုပ်ထားရင်း နှုတ်ခမ်းတစ်စုံအား ငုံခဲလိုက်သည်။ အောက်တွင် ရုန်းကန်ရင်း ကြယ်သီးများက ပြုတ်ကျလာကာ အန်တီ့မျက်ဝန်းထဲမှာ့ မျက်ရည်စတို့ပြည့်နှက်လာခဲ့သည်။
မျက်ရည်တို့ကြောင့် နှုတ်ခမ်းအား အလွတ်ပေးရင်း အုပ်မိုးထားသောအပေါ်မှာ့ ဆင်းပေးလိုက်သည်။
"မင်းကို မုန်းတယ် မဟူရာ ဘယ်တော့မှာ့ မင်းကိုချစ်မိမှာမဟုတ်ဘူး"
"မုန်းလိုက်စမ်းပါ အန်တီ " အခန်းပြင်သို့ မဟူရာထွက်သွားပြီး ဝရံတာဘက်သွားကာ စီးကရက်တစ်လိပ်မီးညှိကာ ဖွာလိုက်သည်။
မဟူရာ မင်းငါ့ကိုလက်ထပ်ခြင်းကြောင့် အကြိမ်ကြိမ် နောင်တတွေနဲ့ပဲ ရှင်သန်သွားစေရမယ်။ မင်းလူရွေးမှားသွားပြီ မဟူရာ ငါ့ကြောင့်ပဲ မင်းဘဝဆုံးရှုံးစေရမယ်။
နံနက်ခင်းရောက်သော် ဆိုဖာပေါ်တွင် အိပ်ပျော်နေသော မဟူရာအား မေမေကြီးမှာ့ နှိုးလိုက်သည်။
"ကလေးလေး ကလေးလေး"
"အာ မေမေကြီး နှိုးလာပြီလား"
"အေးကွယ် ဘယ်လိုလုပ်ဒီမှာအိပ်နေရတာလဲ"
"မဟုတ်ပါဘူး မနက်မှာ့ တရေးနိုးပြီးအိပ်မရလို့ ဒီမှာလှဲရင်း အိပ်ပျော်သွားတာ"
မေမေကြီး စစ်မေးနေမည်ကို ကြောက်သောကြောင့် အခန်းထဲသို့ ဝင်လာခဲ့သည်။