ကားပေါ်မှာ့ အထုတ်များအား ပစ်ချလိုက်ကာ
"မဟူရာရေ မဟူရာ"
အိမ်ထဲမှာ့ ပြေးထွက်လာသော မဟူရာ့အား မြင်မှာ့သာ အော်ခေါ်နေသည်ကို ရပ်လိုက်သည်။
"မင်းကလဲကွာ ခေါ်လိုက်ရတာ မောတောင်မောတယ်"
"အိမ်ထဲကဆိုတော့ သိပ်မကြာလို့ပါဟ
လာ...လာ အထဲကို"သူငယ်ချင်းများကို ဧည့်ခန်းထဲတွင် ထားကာ အအေးသွားယူလိုက်သည်။
"ဒါက မဟူရာတဲ့ ကိုတို့ရဲ့အချစ်ရဆုံးသူငယ်ချင်း"
"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် ရွှေစင်ပါ"
လှမ်းလိုက်သော လက်ကလေးကို ကိုင်ကာ ပြုံးပြရင်း
"ကို့အိမ်လိုသဘောထားနော် အားမနာနဲ့""ဟုတ်ကဲ့"
အပေါ်ထပ်မှာ့ ဆင်းလာသော အန်တီ့အား အိပိုမှာ့ စကားလှမ်းစလိုက်သည်။
"ဟာ အန်တီလာပြီ အန်တီက အရင်ထက်ပိုချောလာတယ်နော်"
"မဟုတ်တာကွယ် သမီးတို့သားတို့ကမှာ့ ပိုပြီးချောလာကြတာပါ"
မဟူရာ့ဘေးနားကပ်ထိုင်ကာ စကားပြောရင်း မနက်ပိုင်းအချိန်အား အလျင်အမြန်ကုန်သွားလေသည်။
"ဟိတ်" နှင်းဆီပန်းကို ခူးရန် လုပ်နေသော မဟူရာ့အား ခြောက်လိုက်သည်။
"အာ လန့်သွားတာပဲ ရွှေစင်ရယ် "
"ပန်းခူးနေတာလား ဘာလုပ်ဖို့လဲဟင်"
"တီသက်ကို ပေးမလို့လေ"
"ဟွန့် ....ရွှေစင် မသိတာမေးချင်ပေမဲ့ မ စိတ်ဆိုးမှာကြောက်တယ်"
"ဘာမေးမလို့လဲ မေးလေ စိတ်မဆိုးပါဘူး"
"တကယ်လား ကတိပေး"
"အွန်းးး ကတိ"
သူငယ်ချင်း ညီမလေးဖြစ်သည်မို့ ငယ်ငယ်က ရင်းနှီးသော်လည်း အသက်ကြီးချိန်တွင် သိပ်မတွေ့ဖြစ်ကြပေ။"မမက အန်တီကြီးနဲ့ တွဲတော့ နည်းနည်းစိတ်မညစ်ရဘူးလား"
"ဘာလို့ ညစ်ရမှာလဲ ရွှေစင်ရဲ့"
"ဟာ အန်တီကြီးက လူကြားထဲဆို သူ့ဟိတ်ဟန်နဲ့နေတာလေ မမကိုလဲ ဂရုမစိုက်ဘူး"