နှစ်ရက်ကြာသည်အထိ သတိပြန်မလည်လာသော မဟူရာ့ဘေးနားတွင် တစ်ချိန်မှာ့မအိပ်ကာ စောင့်နေသော မမကြီးကို သနားမိလာသည်။
"မမကြီး သွားအိပ်လိုက်ပါဦးလား အဝင်း စောင့်ပေးမယ်လေ"
"ရပါတယ် အဝင်း သူနှိုးလို့ မမကြီးကိုမမြင်ရင် ငိုနေဦးမှာဆိုးလို့"
"မမကြီးရယ် ဒီလို မအိပ်တာကြာရင် မမကြီးပါ နေမကောင်းဖြစ်နေမှာပေါ့"
စကားပြောနေစဉ် နွယ်ကိုင်ထားသော လက်မှာ ညင်သာစွာ လှုပ်ခတ်သွားသဖြင့် အပျော်ကြီး ပျော်ခဲ့ရသည်။
"အဝင်း ဒေါက်တာကို သွားခေါ် ဟူဟူနိုးပြီလို့"
"ဟုတ်ကဲ့ မမကြီး"
မျက်လုံးဖွင့်သော်လည်း ရီဝေဝေသာမြင်ရကာ ဘယ်သူဘယ်ဝါကိုသေချာမသိပေ။
"အာ....ကျွတ်ကျွတ် ရေပေးပါ"
"ရရဲ့လား ဟူဟူ"
ဆရာဝန်လာသဖြင့်အပြင်ခန ထွက်ပေးကာ မဟူရာ့ အခန်းပေါက်တွင် ထိုင်မရ ထမရဖြစ်နေလေသည်။ ဆရာဝန်အပြန် မဟူရာ့ဆီသို့ ပြေးဖက်ရန် ကြံသော်လည်း မဟူရာ့ဘက်မှာ့ ရှောင်လိုက်ကာ
"ဘာလုပ်တာလဲ အန်တီ"
"ဟူဟူကို ဖက်တာလေ တီသက်ကို စိတ်ပူအောင် တအားလုပ်တဲ့ကလေး"
"ဘာကို ဘာတွေပြောနေတာလဲ နားမလည်ဘူး ဘယ်သူက ဟူဟူလဲ ဘယ်သူကတီသက်လဲ"
"ဟူဟူ အတိတ်မေ့သွားတာလား"
"ဘာလို့မေ့ရမှာလဲ အန်တီ့နာမည် ဒေါ်သက်ထားနွယ် ကျွန်တော့်ကိုအရမ်းမုန်းတဲ့သူလေ အန်တီကို မေးရမှာအန်တီအတိတ်မေ့နေတာလား"
"ဟူဟူ အဲ့လိုမမေ့သွားပါနဲ့ တီသက် ရင်ကျိုးလိမ့်မယ်"
"ဘယ်က ဟူဟူလဲ ဘာတွေလာပြောနေတာလဲ"
မဟူရာ့ဘက်မှာ့ လေသံခပ်ကျယ်ကျယ်အော်လိုက်သံကြောင့် နွယ့် မျက်ရည်တို့မှာ ထပ်မံတာကျိုးရန်ပြင်နေပြီ။ အဝင်းမှာ့ နွယ့်ကိုဖက်ကာ အခန်းထဲမှာ့ ခနထွက်ပေးရန် မျက်လုံးမှိတ်ပြလိုက်သည်။
"မမကြီး ဟူဟူက ခေါင်းထိတာဆိုတော့ သူ့အတွက် အချိန်လိုနေတာပါသူ့ကို အနားပေးလိုက်ပါဦးနော်"