နောက်တနေ့နံနက်တွင် မနေ့ညကအကြောင်းများပြန်လည်တွေးကာ ဘုရားပင်သေချာစွာမရှိခိုးနိုင်တော့ချေ။
"တောက်စ် ဘာမဟုတ်တာလေးက ဘာလို့ အာရုံထဲပေါ်လာတာလဲ ရိုက်သတ်ချင်စရာ"
နွယ် စိတ်ထဲမကြည်လင်သောကြောင့် မနက်စာမစားပဲ အလုပ်ကိုသာသွားလိုက်သည်။
မနက်စာစားနေရင်း စကားကျနေသော မဟူရာနဲ့ဇူးဇူးမှာ မေမေကြီး ချောင်းနေသည်ကို မသိပေ။
အမေနေမကောင်းသဖြင့် ရွာခနပြန်နေသော ဒေါ်သက်ထားနွယ်၏ အိမ်အကူကောင်မလေးမှာပြန်ရောက်လာပြီး မဟူရာကို ကူညီကာအိမ်အလုပ်များကိုပြန်လုပ်နေခဲ့သည်။
"မမကြီး "
"အဝင်း ပြန်ရောက်လာပြီလား"
"ဟုတ် အဝင်း ဒီမနက်ကပဲရောက်တာပါ မမကြီး ဒီနေ့ပြန်လာတာစောတယ်နော်"
"ဟုတ်တယ် မမကြီး ခေါင်းကိုက်လို့"
"အဲ့တာဆို အဝင်း သံပုရာရည်ဖျော်ပေးမယ်လေ"
"ဒီနေ့မှာ့ပြန်ရောက်တာပဲ နားပါကွယ်
တီမော်ကိုပဲ ပို့ခိုင်းလိုက်ပါ""ရပါတယ် မမကြီး အဝင်းပဲဖျော်ပေးပါ့မယ်"
အဝင်းသည် ဒေါ်သက်ထားနွယ်အိမ်တွင် ၇နှစ်အရွယ်ထဲမှာ့ ရောက်ရှိပြီး တစ်အိမ်လုံးရဲ့ ကိစ္စအဝဝကိုသိရှိသူဖြစ်သည်။
"အဝင်းနဲ့အန်တီက အရမ်းခင်တာပဲလား"
"ဟီးးးး မမရယ် အဝင်းက ဒီအိမ်မှာနေတာ ၁၁နှစ်တောင်ရှိပြီကို ခင်တာပေါ့လို့"
မနေ့ညက အရှိန်ကြောင့် မဟူရာနှင့် ဒေါ်သက်ထားနွယ်တို့ တစ်ယောက်နှင့်တစ်ယောက် မဆုံမိအောင် ရှောင်နေကြသည်။
ရက်အနည်းငယ်အကြာ ဇူးဇူးပြန်သသည်အထိ မဟူရာနှင့် ဒေါ်သက်ထားနွယ်တို့ တစ်ယောက်နှင့် တစ်ယောက်စကားသိပ်မပြောချေ။
"အာ့" အခန်းထဲဝင်ခါနီးတွင် မဟူရာလက်ဆွဲထားလိုက်သည်။ရုတ်တရက်ဆွဲလိုက်သောကြောင့် အန်တီလက်နာသွားကာ
"မဟူရာ မင်းဘာလုပ်တာလဲ"
"အန်တီကော ဘာလို့ ရှောင်နေတာလဲ"