လက်ထပ်ထားသော အချိန်ကာလ တစ်နှစ်ပြည့်သည်အထိ အိမ်ထောင်ရေးသာယာခြင်းမရှိခဲ့ပေ။
အလုပ်ကအပြန် မိုးမိကာ ဖျားနေသောအန်တီ့အနားတွင် တညလုံးမအိပ်ပဲနေပြီး ထိုင်စောင့်ပေးလိုက်သည်။
"အင်းးးးဟင်းးးးးဟင်းးးးးးး"
ကိုယ်ပူလာပြီး ညီးသံများ တစ်ဖြည်းဖြည်းပေါ်ထွက်လာကာ"အန်တီ အဆင်ပြေရဲ့လား" နဖူးကိုစမ်းလိုက်ချိန်တွင် မီးပူကဲ့သို့ဖြစ်နေသော အသားအရည်ကြောင့် ထိတ်လန့်သွားရသည်။
အောက်ထပ်သို့အမြန်ဆင်းပြေးပြီး အပူလျော့စေရန် အသုံးအဆောင်များယူကာ အန်တီ့အားရေပတ်တိုက်ပေးပြီး နဖူးပေါ်လေးသို့ သဘက်တင်ထားရင်း ဘေးမှာ့ ထိုင်ကြည့်နေလေသည်။
"အာ့....အမေ့" အန်တီ့အသံကြောင့် မှေးနေရာမှာ့ ခနကြည့်မိလိုက်ပြီး
"အန်တီ မထနဲ့ သက်တောင့်သက်သာနေပါ"
"ငါ့ခန္ဓာကိုယ်ေပါ်က မင်းရဲ့လက်ကို အခုဖယ်ပေး"
အန်တီ့ဗိုက်ပေါ် လက်တင်ထားသည်ကို မြင်ကာ အမြန်ပြန်ရုတ်လိုက်သည်။
"အန်တီ အခုမှာ့ သက်သာတာကို မထနဲ့လို့ ပြန်အိပ်"
"မင်း ဘယ်လိုဖြစ်နေတာလဲ ဒီမှာ ရှူးပေါက်ချင်လို့ ထတာကို"
"ဟီးးး သိဘူးလေ" အန်တီ့စကားကြောင့် မဟူရာ ပြုံးစိစိဖြစ်ရင်း ကျန်ခဲ့လေသည်။
အန်တီ့နေမကောင်းသည်ကို စိတ်မချသဖြင့် အလုပ်မသွားရန်ဆုံးဖြတ်ကာ ကိုယ်တိုင် စွတ်ပြုတ်လုပ်ပေးရန် ဈေးသွားလိုက်သည်။
"အန်တီ စွတ်ပြုတ်သောက်မယ်"
"အဝင်းကော ဘယ်မလဲ" ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်သို့ တင်ကာ ပြောနေသော အန်တီမှာ တကယ့် အတ္တကြီးသော မိန်းမကြီးနှင့်တူနေသည်။
"အဝင်း မအားဘူး မဟူရာပဲ အားတယ်"
"အဲ့စွတ်ပြုတ်ကိုပေး ကိုယ့်ဘာသာသောက်လိုက်မယ်"
"မရပါဘူးနော် နေမကောင်းဖြစ်နေတဲ့သူဆိုတာ ဂရုစိုက်ရတယ်လေအန်တီရဲ့"
"မင်းဆီက ဂရုစိုက်မှုဆိုရင်တော့ တော်ပါပြီ ဒီတိုင်းနေရတာလဲအဆင်ပြေပါတယ်"