အလုပ်မှာ့ပြန်လာသော နွယ့်ဆီသို့ အအေးယူလာပြီး ဘေးမှာ ဝင်ထိုင်နေသော မဟူရာ့ဆီသို့ လှမ်းကြည့်ကာ
"ပြောစရာရှိလို့လား မဟူရာ"
"ဟုတ် အန်တီနဲ့ ဆွေးနွေးစရာလေးရှိလို့"
"ဘယ်လိုဆွေးနွေးမှုလဲ"
"အန်တီခိုင်းသမျှကို မဟူရာနားထောင်ပြီးလုပ်မယ် ဒါပေမဲ့ မေမေ့ကို တစ်နှစ်အစား ငါးလပဲနေရအောင်ပြောပေးပါ"
"Ok အဲ့တာဆို ဒီနေ့ကစပြီး အလုပ်ကိုမပျင်းပဲသေချာလုပ်"
ငါးလပဲနေရတော့မည် ဖြစ်သောကြောင့် အပျော်လွန်ကာအပြုံးကိုဖုန်းမရဖြစ်နေသော မဟူရာ့ကိုကြည့်ရင်းရီချင်စိတ်ကိုအောင့်ထားလိုက်သည်။
အိမ်အလုပ်များကို ခိုင်းစရာမလိုပဲ အရာအားလုံးသေချာစွာ လိုက်လုပ်နေသော မဟူရာမှာ အိမ်တွင်နေသားကျလာသည်။
အလုပ်သွားချိန်တိုင် အလုပ်မသွားသေးသော အန်တီ့အနားသို့ကပ်ကာ
"အန်တီ ဒီနေ့အလုပ်မသွားဘူးလား"
"အင်း မသွားဘူး သမီး ဒီနေ့ ဇူးဇူးလာမှာ"
အန်တီ ဒီနေ့အရမ်းလှနေသည်မှာ အံ့ဩစရာဖြစ်နေသည်။ အရင်လှသည်ထက် ပိုလှနေသောကြောင့် အန်တီစောင့်နေသော လူကို ပိုသိချင်လာကာ အလုပ်လုပ်ရင်း တစ်ချက်တသ်ချက်ငေးကြည့်သည်။
အပြာရောင်အနု ဝမ်းဆက်ကိုဝတ်ကာ နီလာ တစ်ဆင်စာကို ဆင်မြန်းထားသောသူမရဲ့အလှမှာ သာမာန်မိန်းကလေးတောင်ငေးမောရလောက်ပြီး ပုရိသယောက်ျားတို့အနေဖြင့် ရူးမူးစွဲမက်စေနိုင်ပေ။
ခြံထဲသို့ ဝင်လာသော BMWကားပေါ်မှာ့ အသက်၂၀ကျော်အရွယ်ကောင်မလေးတစ်ယောက်ဆင်းလာသည်ကို မယူရာမြင်လိုက်သည်။ Bodyfit dressဝတ်ကာ 3လက်မဒေါက်ဖိနပ်လေးဖြင့် အလှပဂေးလေး ဖြစ်ပေသည်။
"အို.....ဇူးဇူး လှနေရောပဲကွယ်"
"ဟီးးးအန်တီနွယ့်ကို ဘယ်မှီပါ့မလဲ လုံးဝ လှေနလိုက်တာ"
"ဒီကလေးတော့ မြှောက်ပြောနေပြန်ပြီ
ဘာစားချင်လဲ ပြော"ကလေးဟုခေါ်သော စကားနောက်တွင် မဟူရာမျက်နှာပျက်ကာ သူတို့နှစ်ဦးအားချောင်းနေလိုက်သည်။