နံနက်ခင်း အလင်းရောင် မျက်နှာပေါ်ကျသည်နှင့် အရင်ဦးဆုံးလွမ်းမိသူမှာ ထိုအမျိုးသမီးပင်ဖြစ်သည်။ မချစ်လို့ ထားခဲ့ပေသည်ဟုသာ တွေးရင်း မျက်ရည်များ ခေါင်းအုံးပေါ်သို့ အဖော်ပြုခဲ့မိသည်။
" Morning မထသေးဘူးလား ဟူဟူ"
ပြတင်းပေါက်ဘက်သို့ လှည့်ကာ ခေါင်းရမ်းပြသော သူမအနားသို့သွားကာ မဟူရာ့ခေါင်းအားအနောက်သို့ လှည့်လိုက်သည်။
"မင်း ငိုနေတာလား!"
"အင်း......ဟင့်.......ဟင့်"
"ဘာလို့ငိုနေတာလဲ ဘာကြောင့်လဲ အန်တီ့ကိုပြော"
"အဒေါ်ကြီး ...အီးးးဟီးးးးးဟီးးးးး"
"ဘာဖြစ်တာလဲလို့ စိတ်ပူလာပြီကွယ်"
"အန်တီက ဟူဟူကိုထားခဲ့ပြီ အဒေါ်ကြီးဆီကို စွန့်ပစ်လိုက်ပြီ ဗြဲ........."
"အော် ဘာများလဲလို့ တကယ်ပါပဲ ဒီကလေးကတော့"
မဟူရာ့မျက်ရည်အား သုတ်ပေးကာ ရင်ခွင်ထဲသို့ ထည့်ဖက်ထားမိသည်။
"မငိုပါနဲ့တော့နော် အန်တီ ဟူဟူကြိုက်တာချက်ကျွေးမယ်လေ"
"ရေးးးးး ဒါမှာ့ တို့ အန်...?"
"ဘာဖြစ်ရပြန်ပြီလဲ ဟူဟူ"
"အဒေါ်ကြီးကို အန်တီလို့မခေါ်နိုင်ပါဘူး အန်တီဆိုတာ ဟူဟူရဲ့အမျိုးသမီးကိုပဲခေါ်တာ"
"အော် ....အေးပါကွယ် အဒေါ်ကြီးဆိုတော့လဲ အဒေါ်ကြီးပဲပေါ့"
ထို့နောက် မဟူရာ့စိတ်အား တည်ငြိမ်စေရန် ဈေးသို့ခေါ်သွားကာ မဟူရာ့ စိတ်ကြိုက်ပစ္စည်းများ ဝယ်ပေးလိုက်သည်။
လမ်းတလျောက် ခွေးများတွေ့သည်နှင့် မတည်ငြိမ်ဖြစ်နေသော မဟူရာ့အား ဂရုတစိုက်ခေါ်သွားနေရသည် ။"အဒေါ်ကြီး...အဒေါ်ကြီး" ခေါ်သံတိုးတိုးလေးကြောင့် လှည့်ကြည့်မိသည်နှင့် ဂျောင်ထဲတွင်ကပ်နေသော မဟူရာကို တွေ့လိုက်ရသည်။ခွေးလေးမှာ့ အမြှီးနှံ့ကာ အစာတောင်းနေသော်လည်း မဟူရာက ကြောက်မြဲပင်။
"လာခဲ့လေ ဟူဟူ အဒေါ်ကြီး ဟိုဘက်သွားတော့မှာနော်"
"ဒီမှာလေ မဟာသရဲကြီးက ကိုက်တော့မယ်"