Part-2

4.9K 600 33
                                    

နှလုံးသားခြေရာ−အပိုင်း(၂)

ဒီမနက် ဦးမြတ်သူက ကျော်လင်းကိုခေါ်လျက် အလုပ်စတင်သွားသည်။ဒေါ်မြတ်မြတ်က မနက်ပိုင်းစျေးဝယ်နေကျ အတိုင်း ဝယ်ခြမ်းစရာရှိတာတွေထပ်မံဝယ်မှာမို့ စျေးကြီးကို ပြန်သွား ၏။ ဖော်ရွေတတ်သော မေမေက မနေ့က စျေးလေးသွားရင်း မိတ်ဆွေရခဲ့ပုံရ၏။ဒီမနက်မှာ သူ့ မိတ်ဆွေ အန်တီကြီးက ကားနှင့်လာခေါ်သွားသည်။

ထူးကို အစကခေါ်ပေမယ့် အိမ်စောင့်နေမယ်ဟု ဆိုလိုက်ရင်းကျန်ခဲ့လိုက်၏။ မနေ့ညက အိပ်ပျော်သွားခဲ့တာမို့ ထူး စူးစမ်းချင်တာတွေမစူးစမ်းလိုက်ရ။ ဒီနေ့တော့ ထိုစိတ်ကူးက တား မရတာမို့ အိမ်နောက်ဖက်က ပတ်ဆင်းလျက် သူ့အခန်းခေါင်းရင်းကိုလာခဲ့လိုက် သည်။တစ်ဖက်ခြံက အိမ်ကနှစ်ထပ်အိမ်ကြီးဖြစ်ကာ တစ်အိမ်လုံးကျွန်းတွေနှင့်တည်ဆောက်ထားပုံရသည်။ အဝေးက ကြည့်တာတောင် ခန့်ညားထည်ဝါနေတာများ တော်ရုံလူ အနားမကပ်နိုင်လောက်စဖွယ်။ ထူးတို့ခြံ နှင့် အဲ့ဒီဘက်ကိုကာထားသည်က  ထူးရင်ဘတ်လောက်သာရှိသည့် ပုဏ္ဏရိပ်ပင်တန်းတွေမို့ ဟိုဘက် ကိုစူးစမ်းရင်း ထူး ခြေလှမ်းတွေက ထိုတစ်လျှောက်တိုးလျှောက်လာမိသည်။ လျှောက်လာမိသည်က ဟိုးခြံနောက်ဘက်ရောက်လာသည်ထင်သည်။နေရောင်ပင်တိုးမဝင်လောက် အောင် ထူပိတ်နေသည့် သစ်ပင်တွေချည်းများတာမို့ မှိုင်းမှိုင်းအုံ့အုံ့။ အကြည့်က ထိုတစ်ဝိုက် ဝေ့ဝဲကစားလိုက်သော်ငြား မည်သည်ကိုမှ ထူးထူးခြားခြား မတွေ့ရဘဲ လူက ခပ်စိမ့်စိမ့်လည်းဖြစ်လာတာမို့ ထူး လာရာလမ်း ပြန်လှည့်လိုက်သည်။

“ကိုယ့်ကိုရှာနေတာလား။”

“အမယ်လေး.”

အနားကတိုးထွက်လာလေသလားထင်ရလောက်အောင် အသံကနီးနီးကပ်ကပ်မို့ ထူး ခန္ဓာ ကိုယ်လေး တောင်တုန်သွားရသည်။လှည့်ကြည့်လိုက်မိတော့ ထူးကိုခပ်ပြုံးပြုံးကြည့်နေသည့်သူ။ ထူး အိပ်မက်ထဲက နံ့သာရောင်ရှပ်နှင့်သူ။ ထူထဲနေသည့်မျက်ခုံးတန်းတွေက ခပ်ထင်းထင်းဖြင့် အသားအရည်က ဖြူဝင်းသည့်ဘက်ကိုသွားကာ မျက်နှာထားသည် မည်သည့်အရှိန်အဝါရှိလို့ ရှိမှန်း မသိအောင်ကို ထည်ဝါလျက် အပြုံးကအစ ခမ်းခမ်းနားနား။အကုန်လုံးခြုံဆိုရမည်ဆိုပါလျှင် သိပ်ကိုချောမောခန့်ညားလွန်းသည့် ယောကျာ်းသားတစ်ယောက်ဖြစ်နေလေသည်။နှုတ်ခမ်းလေး ခပ်ဟဟဖြစ်ကာ ငေးမောနေသည့် ထူးကို သူက ပြုံးကြည့်နေရင်းကပင်…

နှလုံးသားခြေရာWhere stories live. Discover now