Part-4

4.2K 537 23
                                    

နှလုံးသားခြေရာ−အပိုင်း(၄)

“ကျွန်မ ဒီနေ့ ဟိုဘက်ခြံက ဒေါ်ခင်သစ္စာ ဆိုတဲ့အမျိူးသမီးနဲ့ဆုံခဲ့တယ်။သတင်းကြားထား တဲ့အတိုင်းတကယ်ပဲရှင်။ဆွေဂုဏ်မျိူးဂုဏ်မောက်တာက တော်တော်လွန်တာပဲ။ ကျွန်မ ကားက သူ့ ကားနဲ့ပွတ်မိမလိုလေးဖြစ်တာ ကျွန်မတို့လိုသာမန်လူတန်းစားတွေက လျော်နိုင်လို့လား ဘာလား နဲ့လေ။နယ်အသစ်မှာ ရန်ရှောင်တာအကောင်းဆုံးမို့ ကျွန်မ သည်းခံခဲ့ပါတယ်။”

ဒေါ်မြတ်မြတ်က ပန်းသီးလေးတွေ အခွံနွှာနေရင်းဖြင့် မနက်က စျေးနားတွင် ကြုံခဲ့ရသည့် အဖြစ်ကို ယောကျာ်းဖြစ်သူအား ဖောက်သည်ချနေမိသည်။ ဆုံခဲ့ရသည့် တစ်ဖက်ခြံက ဒေါ်ခင်သစ္စာ ဆိုသည့်အမျိုးသမီးက အမှန်တကယ်ကို ဂုဏ်မောက်မာလွန်းသည်။ ဝတ်ထားသည့် လက်ဝတ်လက် စားတွေကလည်း တစ်ကိုယ်လုံးပျိုးပြက်လက်နေလျက် မျက်နှာထားသည့် ဒီမြို့ငယ်တစ်ခုလုံး သူ့ အောက်တွင်ရှိနေသလို အကြည့်ကိုကစ မတူသလို မတန်သလို။

“အင်း မိန်းမတော်တယ်။ ကိုယ်တို့က နယ်မှာရန်နည်းအောင်နေတာကတော့ အကောင်းဆုံး ပဲပေါ့။ကိုယ်တို့ကဧည့်သည်လေ။ အချိန်တန် အိမ်ပြန်ကြရမှာပဲ။ အဲ့ခြံက ဒီဘက်မှာ တော်တော်လေး အရှိန်အဝါကြီးတယ်လို့ကြားတယ်။နောင်အိမ်တော်က ဆိုတာနဲ့ မီးသေပြီးသားပဲတဲ့။ ဒီနယ်ဘက်က လူတော်တော်များများက သူတို့ဆွေစဉ်မျိူးမကင်းတွေတဲ့။ အရင်ကတည်းကချစ်ကြောက်လေးစား ကြတာ အဲ့ဒီအမျိူးသမီး ဦးဆောင်မှ အခြေအနေတစ်မျိူးဖြစ်လာတာလို့ ရုံးမှာပြောနေကြတာ ကြားတာပဲ။”

ဦးမြတ်ကျော်၏ရုံးတွင်က နဂိုနယ်ခံလေးတွေလည်းရှိနေပြီးသားမို့ နယ်မြို့က သတင်းတွေ ကတော့ဖြင့် မစိမ်း။

“ထူးလေးကလေ အဲ့ဘက်အိမ်က ကလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်နေတာထင်တယ်။ တားထားလိုက်ရမလား။”

“နေပါစေ။အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး။မဟုတ်ရင် ထူးလေး ပျင်းနေလိမ့်မယ်။ဒါနဲ့ ထူးလေးရော”

“ခုနလေးတင်တစ်ပန်းကန်ခွဲစားပြီး ဗိုက်အင့်တယ်ဆို ဘယ်ရောက်သွားလဲမသိဘူး။ကဲပါ… အေးအေးဆေးဆေးစားပါ။ ထပ်ယူဦးမလား။”

နှလုံးသားခြေရာWhere stories live. Discover now