နှလုံးသားခြေရာ−အပိုင်း(၁၀)ဇာတ်သိမ်းပိုင်း
"ငါ နေ့တိုင်းဖုန်းဆက်မေးတော့ ထူးလေးအဆင်ပြေပါတယ်ဆို.။ခုဘယ့်နှယ့်လုပ်ကြ ကျော်လင်း"
"ခုလည်းအဆင်ပြေနေတာပဲ ဒေါ်လေးရဲ့"
"ဘာကိုအဆင်ပြေတာလဲ.။ထူးလေးက ကောင်လေးချစ်သူရနေတာ အဆင်ပြေတာလား ကျော်လင်း..ဟမ် ငါလုပ်လိုက်ရသေတော့မယ်။ဒီကလေးတစ်ယောက်ကိုတောင် မင်း မထိန်းနိုင်ဘူး လား။"
ထူးလေးကို အံ့သြဝမ်းသာသွားစေချင်၍ ဖုန်းမဆက်ဘဲပြန်လာလိုက်သည်။ တကယ်တမ်း အံ့သြထိတ်လန့်သွားရတာကသူတို့ဇနီးမောင်နှံဖြစ်သည်။ ထူးလေးသည် မီးဖိုခန်းထဲတွင် ယောကျာ်း လေးတစ်ယောက်နှင့်ချစ်ကျီစယ်လျက် အနမ်းပေးနေသည်။တော်သေးသည်က ဒေါ်မြတ်မြတ်သာ အရင်မြင်လိုက်သည်ကြောင့်။ ခင်ပွန်းဖြစ်သူများအရင်မြင်လိုက်လျှင် သွေးတက်သွားမည်စိုးရပေ သည်။
"ကဲ မိန်းမရယ်. ကျော်လင်းက ထူးလေးကို နိုင်တာလည်းမဟုတ်ဘဲနဲ့ ဆူမနေပါနဲ့တော့။ လုပ်ချင်ရာလုပ်တတ်တဲ့ မင်းရဲ့သားအကြောင်းလည်းသိသားနဲ့..ကဲ ခေါ်.. မေးစရာရှိ မေးရအောင်"
ကျော်လင်းက အလိုက်တသိပင် အခန်းထဲက ထူးလေးကိုသွားခေါ်လာသည်။ မျက်နှာငယ် လေးဖြင့် ထူးလေးသည် မိခင်ရှေ့မှာ အမိခံလိုက်ရသဖြင့် အတော်လေးတော့ရှက်သွားသည်။ မင်းခန်း ကိုလည်း အိမ်တော်ဘက် အမြန်ပြန်ခိုင်းလိုက်ရင်းသူကိုယ်တိုင်လည်း အခန်းထဲ လာပုန်းနေ မိတာ။
"ထူးမြတ်ငယ်.. မင်း"
"တကယ်ပါ..။သား သူ့ကိုတကယ်ချစ်တာ။သူ့အတွက် သားသေရမယ်ဆိုတောင် နည်းနည်း မှမလန့်ဘဲ သူ့ကိုပဲစိတ်ပူခဲ့တာ။ယောကျာ်းလေး မိန်းကလေးတွေမသိဘူး။မင်းခန်းကို ချစ်တယ်။ မင်းခန်းကိုပဲ လက်ထပ်ချင်တယ်။"
မည်သူမှ မည်သည့်စကားမှမပြောလိုက်ရ။ဆိုဖာမှာဝင်ထိုင်ပြီးကတည်းက မျက်ရည်လည်ရွှဲ ဖြင့် ငိုယိုကာတရစပ်ဆိုနေခြင်းဖြစ်သည်။ကျော်လင်းဆိုလျှင် ပါးစပ်အဟောင်းသားပွင့်လျက်။
ထူးကိုကြည့်ပြီး ဦးမြတ်သူလည်းနောက်တော့ တဟားဟားအော်ရယ်လေတော့သည်။
![](https://img.wattpad.com/cover/324901434-288-k427533.jpg)