Part-3

4.1K 541 34
                                    

နှလုံးသားခြေရာ−အပိုင်း(၃)

မေမေ စျေးသွားဦးမည်ဆိုသည့် စကားနောက် ထူး ခေါင်းတဆတ်ဆတ်ညိတ်ရင်း အိမ်နောက် ဘက်ကနေပတ်လျက် ခြံနောက်ဘက်ထဲ ပြေးလာမိသည်။အသားတွေကိုရေခဲသေတ္တာထဲ သိုလှောင် တာထက် တတ်နိုင်လျှင်နေ့တိုင်းပဲဝယ်တတ်သည့် မေမေ့အကျင့်ကြောင့် မနက်တိုင်း စျေးက မဖြစ် မနေသွားရစမြဲ။ ခုဆို ဖေဖေ ရုံးစီးသွားနေသည့်ကားအပြင် ဖေဖေတို့ရုံးက အိမ်သုံးကားငယ်လေး တစ်စီးစီစဉ်ပေးထားတာမို့ ကိုယ်တိုင်လည်း ကားမောင်းတတ်သည့် မေမေက အဆင်ပြေနေသည်။

“မင်းခန်း…မင်းခန်း”

နှစ်ခေါက်မျှပင်ခပ်အုပ်အုပ်ခေါ်ရသေးသည်။သစ်ပင်ခပ်ကြီးကြီးအကွယ်ကနေ မင်းခန်းက ထွက်လာသည်။ ဒီတစ်ခါလည်း မင်းခန်းက နံ့သာရောင်ရှပ်နှင့် ကချင်ပုဆိုးအနက်လေးဖြင့် ပင်ဖြစ် သည်။ အသားကလည်း ဖြူဝင်းသည့် မင်းခန်းက တည်ငြိမ် ရင့်ကျက်သည့်ပုံပေါက်ကာ ထူး မှာတော့ ဘောင်းဘီခပ်ပွပွရှည်ရှည်၊လက်ရှည်တီရှည်နှင့် ဖြစ်ကတတ်ဆန်းနိုင်နေသည်။

“ဘယ့်နှယ့် ကိုယ့်ကိုစူးစမ်းနေတာလဲ။”

“လူကြီးဆန်လို့ပါ။မင်းခန်း အသက်ဘယ်လောက်ရှိပြီလဲ။”

“လူကိုခင်ရင် အသက်ကိုမမေးရဘူးလေ.”

“ခင်လို့ပဲမေးတာလေဗျာ။ လမ်းမှာခုမှတွေ့တဲ့လူတစ်ယောက်ကို ခင်ဗျားအသက် ဘယ် လောက်လဲလို့မေးလို့မှမရတာ။ကျွန်တော်က ခင်လို့မေးတာ”

စကားတတ်သည့် ထူးကို မင်းခန်းက ပြုံးရုံသာကြည့်နေပြန်သည်။နောက်တော့ လက် တစ်ဖက်ကမ်းပေးလာသည်။ထူး က ဘာသဘောလဲဖြင့် အူကြောင်ကြောင်မော့ကြည့်မိသည်။ မော့ ကြည့်ဆို မင်းခန်းဆိုသည့် ထိုယောကျာ်းသည် ထူးမြတ်ငယ် ထက် ခေါင်းတစ်လုံးကျော်ကျော်ကို မြင့်မားနေလေသည်။

“လာ..ဒီဘက်မှာထိုင်စရာရှိတယ်။”

ထူး လည်းဘာမှတွေးမနေတော့ဘဲ ကမ်းလာသည့် သူ့လက်တစ်ဖက်ပေါ် ထူးလက် ပြန်တင် ပေးလိုက်သည်။တော်တော်ကျဲနေသည့် ပုဏ္ဏရိပ်တန်းတစ်ချိူ့ကိုနင်းလျက် ထူးသည် သူ့ဘက်ကို လုံးလုံးလျားလျားရောက်သွားတော့သည်။မင်းခန်းဘက်ခြမ်းမှာက ခပ်ပြန့်ပြန့်ပြူးပြူး မြက်ခင်းနု လေးတွေရှိသည့် ထို်ငစရာကွက်လပ်ငယ်လေးဖြစ်သည်။သစ်ပင်တွေကလည်း အုံ့ဆိုင်းနေသည်မို့ ဒီနေရာလေးက သိုသိုသိပ်သိပ်။နှစ်ယောက်အတူထိုင်ချပြီးတာနှင့်ဘာနှင့်တူနေမှန်းမသိတာမို့ ထူး၏ ရယ်သံလေး လှစ်ခနဲထွက်ပေါ်လာသည်။

နှလုံးသားခြေရာWhere stories live. Discover now