Part-5

4K 519 10
                                    

နှလုံးသားခြေရာ−အပိုင်း(၅)

ဖြောင်းခနဲမြည်အောင်ကို ကျယ်လောင်သည့် အသံကထွက်လာတာမို့ ပန်းပင်ရေလောင်းနေရင်း ထူးလေး လည်လေးဆန့်မိသည်။တစ်ဖက်ခြံနှင့် ကာထားသည့် အုတ်တံတိုင်းက အိမ်ရှေ့ဘက်တွင် တော့မြင့်တာမို့ ပန်းခုံလေးပေါ်တက်ရင်း ထူးလေး ကြည့်လိုက်မိသည်။

မိန်းမငယ်လေးတစ်ယောက်သည် မြေပြင်ပေါ်တွင် ဝပ်ဝပ်လေးပြိုလဲနေလျက် သူ့ရှေ့တွင်တော့  အမျိုးသမီးကြီးတစ်ယောက်က အမျက်ချောင်းချောင်းထွက်နေဟန်ဖြင့်။

“သွားခါနီးလာခါနီး ဒီလို တစ်ခုခုဖြစ်ရင် ငါမကြိုက်ဆုံးဆိုတာ နောင်အိမ်တော်တစ်ခုလုံး သိတယ်။ နင်က ဘာအတင့်ရဲတာလဲ။”

နှစ်လိုဖွယ်မရှိစွာ ထွက်ပေါ်လာသည့် စကားသံကလည်း တင်တင်စီးစီး။မောက်မောက်မာမာ။

‘ကျွန်မ တောင်းပန်ပါတယ် မမကြီး၊ကျွန်မ တကယ်သတိမထားမလိုက်လို့ပါရှင်။’

ပြာပြာတက်နေအောင် တောင်းပန်သည့် ကောင်မလေးသည် ခေါင်းတောင်မဖော်လာနိုင်။ ဘေးနားတွင် ရပ်နေကြသည့် ကောင်မလေးနှစ်ယောက်လောက်ကလည်း မျက်နှာငယ်လေးတွေဖြင့် ဘာမှလည်း ဝင်မပြောနိုင်။ကြည့်နေရင်းဖြင့် ထူးလေး သဘောပေါက်လာသည်က ထိုအမျိုးသမီး၏ အင်္ကျီရင်ဘတ်တွင် ရေစိုကွက်ကြီး အထင်းသားဖြင့် ဘေးတွင်လည်း ရေပိုက်တစ်ချောင်းက ချလျက်။

“တောက်.. ငါ ကျေကိုမကျေနပ်ဘူး။ ထစမ်း နင်…’

ကောင်မလေးက ကြောက်လန့်တကြားဖြင့် ထမလာတော့ သူက ခန္ဓာကိုယ် ကုန်းလျက် လက်တွေ ဖြင့်ရိုက်ပုတ်သေးသည်။

“တောက်..!!!”

ကြိတ်မနိုင်ခဲမရစွာဖြင့် ရိုက်နေတာကိုရပ်ရင်း ရေပိုက်ကိုခေါက်ကိုင်လိုက်သည်တွင် ထူးလေး ကြည့်မနေနိုင်တော့။

“တော်ပါတော့ အန်တီရယ်။”

ခပ်စူးစူးထွက်လာသည့် အသံကြောင့် လားရာဆီသို့ ဒေါ်ခင်သစ္စာ မျက်လုံးရောက်သည်။ တစ်ဖက် အုတ်တံတိုင်းကနေ ခေါင်းကလေးပဲပေါ်လျက် မျက်မှောင်တွေကြုံ့ကာ ကြည့်နေသည့် ကောင်လေး တစ်ယောက်။

နှလုံးသားခြေရာWhere stories live. Discover now