-2-

2.3K 191 10
                                    

UNICODE

" အားရီ ရှောင်းကျန့်ပြန်ရောက်ပါပြီ "

ဂျုံနှယ်နေတဲ့အားရီက ရှောင်းကျန့်ကိုလှမ်းကြည့်ရင်း

" စက်ဘီးမှောက်ခဲ့သေးလား "

" ဟင့်အင်း... ရှောင်းကျန့်စက်ဘီးမမှောက်ခဲ့ပါဘူး အားရီရဲ့ "

" အေး မမှောက်ဘူးဆိုပြီးရော ဈေးခြင်းချပြီး ဟိုဘက်က စားပွဲတွေစီထားလိုက်တော့ "

" ဟုတ်ကဲ့ "

ရှောင်းကျန့်တို့ရဲ့ဆန်ခေါက်ဆွဲဆိုင်က အိမ်နဲ့တွဲဖွင့်ထားတာဖြစ်တယ်။အိမ်ရှေ့လေးမှာပဲ အမိုးဖွင့်ပြီးဆိုင်အသေးစားလေးလုပ်ထားပေမယ့် နောက်ပိုင်းစားသုံးသူတွေများလာတဲ့အခါ စားပွဲဝိုင်း သုံးလေးဝိုင်းလောက်ပိုတိုးလာခဲ့တယ်။ရွာထဲမှာဖြစ်ပေမယ့် အိမ်ခြေများပြီး လူသွားလူလာများတဲ့နေရာဖြစ်တာကြောင့် ဆိုင်လေးကတဖြေးဖြေးရောင်းအားကောင်းလာတယ်။ရွာရဲ့အပြင်မှာလည်း အ‌ဆောက်အဦးတစ်ခုတည်ဆောက်နေတာကြောင့် ဆောက်လုပ်ရေးသမားတွေလည်း ညနေဆိုလာကြတယ်။ဝယ်သူတွေများတဲ့အချိန်ဆို ထုံအအဖြစ်
တက်တဲ့ရှောင်းကျန့်ကို လက်မလည်တော့တဲ့အားရီက ဆူငေါက်ပါလေရော။အားရီကဆူငေါက်လေ ရှောင်းကျန့်ကပိုထုံလေပါပဲ။အဲ့လိုဆို အားရီကရှောင်းကျန့်ရဲ့ဆံပင်တွေကိုဆွဲဆွဲပြီးဆူတယ်။ခေါင်းတွေကိုခေါက်ရင်းငေါက်တက်ပါသေးတယ်။

" အားရီ ရှောင်းကျန့်ခုံတွေစီပြီးပါပြီ "

" စီပြီးရင်လည်း တခြားလုပ်စရာရှိတာသွားလုပ်လေ မုန့်ညှင်းတွေလည်းမဆေးရသေးဘူး အသားလည်းမပြုတ်ရသေးဘူး လုပ်စရာတွေမှ ပေါလို့၊ငါမပြောလည်း အလိုက်တသိလုပ်ပါဟဲ့ တကယ်ပါပဲ အကုန်လိုက်ပြောနေရတယ်"

" ဟို...ဟိုလေ အားရီ "

" ဘာလဲ ပြော!! "

" ရှောင်း...ရှောင်းကျန့်မနက်ကတည်းကထမင်းမစားရသေးဘူး အဲ့ဒါ ရှောင်းကျန့်ဗိုက်ဆာနေလို့ "

" အမယ်လေးဟယ် ဘာများလဲလို့ ထမင်းစားတာကျခိုင်းစရာမလိုဘူးနော်
သိတက်နေတယ် စား စား မြန်မြန်စား ညနေဆိုင်ထွက်ဖို့လုပ်ရကိုင်ရဦးမှာ "

ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေးWhere stories live. Discover now