-15-

1.3K 106 13
                                    


Unicode

ဝမ်ရိပေါ်ကဒီနေ့ရှောင်းကျန့်ကိုသင်တန်းလိုက်ပို့ဖို့အတွက် အဆင့်သင့်ဖြစ်နေတယ်။ဒါပေမယ့် အရင်နေ့တွေကသင်တန်း‌ကိုစောစောသွားချင်တဲ့ရှောင်းကျန့်က ဒီနေ့ကျမှာအားချင်းနဲ့ခြံထဲမှာ အပင်စိုက်နေတယ်။အဲ့ဒီအပင်က မနေ့ကရွာက‌နေပြန်လာတဲ့အားချင်းယူလာခဲ့တာဖြစ်တယ်။မနက်စောစောစိုက်တဲ့အပင်က ပိုပြီးကြီးထွားတာမြန်တယ်ဆိုပဲ။

"ရှောင်းကျန့် ကိုးနာရီထိုးတော့မယ်"

ဝမ်ရိပေါ်ကခြံထဲဆင်းလို့ နာရီကြည့်ပြီးလှမ်းပြောတယ်။

"လာပြီ လာပြီ"

"လက်သေချာဆေးခဲ့ဦး"

"ဟုတ်ကဲ့ပါ"

...........

"အပြန်ဦးလေးရီလာကြိုလိမ့်မယ့် ကိုယ်ကျောင်းမှာကိစ္စလေးရှိသေးလို့ ဦးလေးရီနောက်ကျနေရင် ကိုယ့်ကိုဖြစ်ဖြစ်မင်းရဲ့အစ်မကိုဖြစ်ဖြစ်ဖုန်းလှမ်းဆက်နော် တစ်ယောက်တည်းပြန်မသွားနဲ့"

"ဟုတ်"

"ရိပေါ်"

ရှောင်းကျန့်ကိုမှာစရာရှိတာမှာနေတုန်းဟွေ့ကျဲကရောက်လာတယ်။ဟုတ်သားပဲ ဟွေ့ကျဲနဲ့မနေ့ညက ညစာစားမယ်ပြောထားတာ။ရိပေါ်တကယ်ကိုမေ့သွားခဲ့တာ။

"ကျန့်ကျန့်ကိုလိုက်ပို့တာလား"

"အင်း ဟုတ်တယ် ရှောင်းကျန့်အထဲကိုဝင်တော့လေ"

ရှောင်းကျန့်ကနည်းနည်းတော့သဘောပေါက်သလိုရှိတယ်။ဘာကြောင့်မှန်းမသိပေမယ့် ဒီနေရာမှာသူရှိမနေသင့်ဘူးဆိုတာတော့သူသိတယ်။အဲ့ဒါကြောင့်သူထွက်လာခဲ့လိုက်တယ်။ရိပေါ်ကလည်း သူ့ကိုအထဲဝင်စေချင်တဲ့ပုံပေါ်တယ်။

"မနေ့ညက ရိပေါ်ဆက်သွယ်လာမှာကိုတို့စောင့်နေသေးတယ်"

"sorryပါ ကျွန်တော်ကိစ္စလေးနည်းနည်းရှိတော့ ချိန်းထားတာကိုမေ့သွားတယ်"

"ရပါတယ် နားလည်ပေးရမှာပေါ့ ဒါပေမယ့် ဟို...အခုရော အားလားဟင်"

"အာ ...အခုကကျွန်တော်ကျောင်းသွားရမှာဆိုတော့... ရပါတယ် ‌မနေ့ကကျွန်တော်ကတိဖျတ်မိထားတယ်ဆိုတော့ ဟွေ့ကျဲဘယ်သွားချင်လို့လဲ ကျွန်တော်မနက်ပိုင်းနှစ်ချိန်တော့ပျတ်လို့ရပါတယ်"

ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေးWhere stories live. Discover now