UNICODE
" ဟျောင့် ရိပေါ်ထတော့ "
ကျိုးဝေရဲ့ငှက်ဆိုးထိုးသံက ဝမ်ရိပေါ်အတွက်အရာမရောက်ခဲ့ဘူး။တစ်ဖက်ကိုပြန်လှည့်ပြီး ထပ်အိပ်ပျော်သွားတဲ့ဝမ်ရိပေါ်က ကျိုးဝေရဲ့တိုက်ခန်းမှာသောင်တင်နေတာ တစ်ပတ်တိတိရှိပြီ။ကိုယ့်တိုက်ခန်းကိုပြန်နေလို့ပြောလည်းမရဘူး။စကားပြောစရာအဖော်မရှိလို့တဲ့။စကားနည်းတဲ့ကောင်က ဒီလိုပြောတာကိုကျိုးဝေက အစကမယုံခဲ့ဘူး။ရွာကနေပြန်ရောက်တဲ့နေ့ကတည်းက ဝမ်ရိပေါ်ရဲ့'လူစုမယ်'ဆိုတဲ့မတ်ဆေ့ချ်ကြောင့် ဟိုကောင်တွေပါသူ့အိမ်ကိုလာခဲ့ရတယ်။ရောက်ကတည်းက သူ့မရီးရဲ့မောင်အကြောင်းပဲပြောနေတာကြောင့်နားပူမခံနိုင်တဲ့ဟိုကောင်တွေကလစ်ကုန်ကြပေမယ့် သူကတော့လစ်လို့မရဘူး။လစ်မယ့်လစ် ဝမ်ရိပေါ်လစ်ရမှာ ဒါသူ့အိမ်။
ဒါပေမယ့်လည်း တကောင့်သားလေးကသူ့အိမ်ကနေလည်းမပြန် အလုပ်ကိုလည်းမလာဘဲနေနေတာ နွားနာကြီးကျနေရောပဲ။'မင်းကြိုက်နေရင်ဖွင့်ပြောလိုက်'လို့ ကျိုးဝေတို့ကပြောပေမယ့် 'အဲ့ဒီရှောင်းကျန့်ကိုငါကြိုက်တယ်လို့ မင်းတို့ကိုဘယ်သူပြောလဲ'တဲ့။ဒီတစ်ပတ်လုံး တရှောင်းတည်းရှောင်းကျန့်နေတဲ့ဒီကောင်ကို ခေါင်းထိပ်ထုပြီး 'ရှောင်းကျန့်ကိုကြိုက်နေတာ မင်း မင်း'ဆိုပြီးလုပ်ပစ်လိုက်ချင်တာ။" ထတော့ရိပေါ် အိမ်လေးဘာလေးလည်းပြန်ပါဦး မင်းကဒီလိုကြီးနေနေတော့ မင်းမရီးရဲ့စိတ်ထဲဘယ်လိုနေမလဲ၊ပြီးတော့ ရှောင်းကျန့်ရောပဲ "
" ရှောင်းကျန့်ကဘာဖြစ်လို့လဲ "
ရှောင်းကျန့်နာမည်ပါလာမှ ခေါင်းထောင်လာတဲ့ဝမ်ရိပေါ်ကို ကျိုးဝေကလက်ထဲကမျက်နှာသုတ်ပုဝါနဲ့ပစ်ပေါက်လိုက်တယ်။
" နံတယ်ကွ "
" နံရင်ငါအိမ်မနေနဲ့ ကိုယ့်အိမ်ကိုပြန် "
" ပြန်မှာ မင်းအိမ်လည်းငါနေချင်မနေဘူး "
" ဒီနွား "
အင်္ကျီနဲ့ထပ်မံပစ်ပေါက်လာတာကို ရှောင်ပြီးရေချိုးခန်းထဲဝင်သွားတဲ့ဝမ်ရိပေါ်ကို ကျိုးဝေကဆဲရေးဆိုရင်းကျန်ခဲ့တယ်။
YOU ARE READING
ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေး