-4-

1.8K 187 9
                                    

UNICODE

ဒီနေ့မှာရိပေါ်က အစောကြီးအိပ်ယာနိုး‌နေတယ်။အကြောင်းက မနက်စောစောဈေးသွားရမယ်ရှောင်းကျန့်ကြောင့်ပဲဖြစ်တယ်။ဈေးခြင်းကိုင်ပြီး စက်‌ဘီးလေးနားမှာမတ်တပ်ရပ်နေတဲ့ရိပေါ်က အမေဖြစ်သူဈေးသွားရင်သူ့ကိုထားခဲ့ခံရမှာဆိုးတဲ့ကလေးငယ်နဲ့တောင်တူသေးတယ်။ဒီအတောအတွင်း ဝမ်ရိပေါ်ကရှောင်းကျန့်နားကို အတော်လေးကပ်နေတက်တယ်။

ရှောင်းကျန့်ကအားရီမှာတာတွေကိုနားထောင်ပြီးထွက်လာတော့ စက်ဘီးနားကရိပေါ်ကြောင့် စိတ်ရှုပ်သွားတယ်။အိပ်ယာထလို့မနက်စောစောကတည်းက ဒီလူကသူ့ကိုနှောက်‌ယှက်နေတာ။ရှောင်းကျန့်မျက်နှာသစ်တော့လည်း ဘေးကနေထိုင်ကြည့်နေတယ်။အခုလည်း စက်ဘီးနားမှာခြင်းတောင်းကြီးကိုင်ပြီးစောင့်နေပြန်တယ်။ဘာလဲ ရှောင်းကျန့်ဈေးသွားတဲ့နောက်ကိုလိုက်မှာတော့မဟုတ်ဘူးမလား။

" ရှောင်းကျန့် "

"......"

" ရှောင်းကျန့် "

" ...... "

" ရှောင်းကျန့်! "

" ဘာဖြစ်လို့နားနားကပ်ပြီးအော်နေရတာလဲ ရှောင်းကျန့်ကြားပါတယ် "

ကဲ! ရှောင်းကျန့်ပြောမိပြီ။ရှောင်းကျန့်ရဲ့မျက်နှာကဆူပုတ်နေမလားမသိပေမယ့် ဝမ်ရိပေါ်ကိုမျက်စောင်းလို့ပြန်ပြောလိုက်တော့

" ကိုယ်ခေါ်တာကိုရှောင်းကျန့်ကမှမထူးပဲ "

သူခေါ်တိုင်းရှောင်းကျန့်ကထူးစရာလားလို့ ဂျစ်တစ်တစ်တွေးပစ်လိုက်တယ်။ပြီးတော့ ရိပေါ်လက်ထဲက ခြင်းတောင်ကိုယူလိုက်တယ်။

" ဟို...ရှောင်းကျန့်ဈေးသွားမလို့မလား ကိုယ်လည်းလိုက်ခဲ့မယ်နော် "

‌ဝမ်ရိပေါ်က စက်ဘီးထောက်ဖြုတ်နေတဲ့ရှောင်းကျန့်ကိုပြန်ဆွဲလို့ ခွင့်တောင်းမိတယ်။သူ့ရှေ့ကဟာလေးက အလိုမကျနေတဲ့ရုပ်နဲ့မလို့ အားရီဆူတာခံလာရတယ်လို့ ဝမ်ရိပေါ်ထင်မိတယ်။အဲ့ဒါကြောင့် ဝမ်းနည်းနေတဲ့သူလေးကို ဝမ်ရိပေါ်ကဈေးသွားရင်းအဖော်ပြုပေးဖို့တွေးလိုက်တယ်။

" ဟင့်အင်း "

ဟင်! ကောင်လေးက'ဟင့်အင်း'လို့ပြောပြီး သူ့ကိုခေါင်းယမ်းပြတယ်။ဘာလဲ ဘာလဲ ‌ကောင်လေးကသူ့ကိုငြင်းလိုက်တာလား။တကယ်ကြီးဈေးကိုမလိုက်ခိုင်းတာလား။ရိပေါ်သေချာမကြားလိုက်ဘူးလို့ သဘောထားလိုက်ပြီးသေချာအောင်ပြန်မေးကြည့်ဦးမှာ။

ကျွန်တော့်ရဲ့ဆန်ခေါက်ဆွဲလေးWhere stories live. Discover now